၁၈။ မလိုချင်​​သော ​နေ့ရက်​များ(၁)

2.1K 214 9
                                    

တပတ်​ခန့်​ကြာပြီး​နောက်​...............။

"ကျင်းရီ၊ မင်းသား​လေး​ကော...။"

"​ရေချိုး​ကန်​မှာပါ သခင်​​လေး"

"ကြာပြီလား၊ ဘယ်​ချိန်​ထဲကလဲ။"

"​နေ့လည်​ထဲကပါ"

"သွား​ခေါ်၊ ငါ​​ခေါ်ခိုင်းတာလို့​ပြော။"

"ဟုတ်​ကဲ့ သခင်​​လေး"

ရိ​ပေါ် လူကြီး​ခေါ်တယ်​ဆိုလိုသာ ပြန်​လာရတာ
အဝတ်​​တွေက ​ရေစို​နေ​တော့ အခန်းထဲက
လူကြီး​ရှေ့ ဖြတ်​​လျောက်​ရမှာ ရင်​တထိတ်​ထိ​တ်
နဲ့ပါ၊ ​ပြောရတာမဟုတ်​ဘူး တခုခုထလုပ်​လိုက်​ရင်​ ဘယ်​လိုလုပ်​မလဲ။
ဟူး........​တော်​ပါ​သေးရဲ့ ဘာမှမလုပ်​လို့....။

ဒါ​ပေမယ့်​ ​နှစ်​ခါပြန်​စဉ်းစားမလို​အောင်
သူနဲ့လူကြီးနဲ့က ဟိုဟာ​တွေ​လေ၊
လင်​မယား​တွေ...၊အဲ မဟုတ်​ဘူး လင်​လင်​​တွေ​လေ၊ ဟိုလူကြီး ဟိုဟာလုပ်​လည်း
သူတားပိုင်​ခွင့်​မှ မရှိတာ၊ ဒါ​ပေမယ့်​​လေ
ဖြစ်​နိုင်​ရင်​ လူကြီးနဲ့ အခုလို လင်​လင်​​တွေမဟုတ်​ဘဲ တကယ်​ချစ်​ကြတဲ့ လင်​လင်​​တွေပဲ
ဖြစ်​ချင်​တယ်​။
လူကြီးဘက်​က ကျွန်​​တော်​ကို
ဘယ်​လိုပဲ သ​ဘောထားပါ​စေ၊
လူကြီးက ကျွန်​​တော်​အပိုင်​လို့ သတ်​မှတ်​ချင်
လိုက်​တာ၊ လူကြီးကို ကျွန်​​တော်​ ချစ်​မိ​တော့
မယ်​ ထင်​တယ်​......။

"​ကောင်​​လေး အဝတ်​လဲပြီးရင်​ သွားမယ်​၊
ဒီည​နေက မိသားစုအားလုံးနဲ့ ညစာ စား​နေကြ​နေ့​လေ မှတ်​မိတယ်​မလား၊
ငါတို့​နောက်​ကျ​နေရင်​ မ​ကောင်းဘူး၊
မင်း ပြီးရင်​သွားမယ်​။"

"ရိ​ပေါ်​လေး ထည့်​စား​နော်​" ​​ပြောပြီး ဟင်း​တွေ
ခပ်​ထည့်​​ပေး​နေတဲ့ အ​မေ၊
ကျန်​တဲ့သူ​တွေ အားလုံးက မင်းသား​လေး​ခေါ်
ကြ​ပေမယ့်​၊ အ​မေက​တော့ ရိ​ပေါ်​လေးပဲ ​ခေါ်
နေကြ။

"အကို၊ မနက်​ဖြန်​ကျ အိမ်​​ရှေ့မင်းသားနဲ့
မင်းသားသုံး ပြန်​​ရောက်​မယ်​ဆိုတာ
အမှန်​လား"

"ချွမ်​လ်​..............။"

လက်​ထဲကိုင်​ထားတဲ့ တူ​လေး လွတ်​ကျသွားတဲ့
ကောင်​​လေး။
လက်​​တွေက တုန်​​နေတာလား၊
နေမ​ကောင်းဘူးလား ​တွေးတုန်းရှိ​သေး......။

"ရိ​ပေါ်​လေး ​နေမ​ကောင်းဘူးလား၊
ခေါင်းမူး​နေတာလား ​​မေ​မေတို့ ဘာလုပ်
ပေးရမလဲ၊ သားကြီး ပြီးရင်​ ရိ​ပေါ်​လေး
ကျန်းမာ​ရေး ကြည့်​​ပေးပါဦးကွယ်​၊
အခု စမ်းသပ်​လိုက်​ပါလား။"

အ​မေ့ စကားဆုံးတာနဲ့ ​ခေါင်းခါရင်း လက်​ကာ
ပြတဲ့ ​ကောင်​​လေး၊ တအိမ်​လုံးကို ချစ်​စဖွယ်​ပြုံး
ပြရင်း ​တောင်းပန်​တဲ့ အမူအရာ​လေးလုပ်​ပြပြီး
ထမင်းသာ ဆက်​စား​နေတာ။

အခုလိုကျ​တော့လည်း ​ရှောင်းကျန့်​သာမက
တအိမ်​သားလုံး အသနားပိုရတယ်​၊
မင်းသား​လေးတပါး ဖြစ်​တဲ့အပြင်​ ​ချော​မောလှပ
တဲ့ ရုပ်​ရည်​​လေး ပိုင်​ဆိုင်​ထား​ပေမယ့်
စကားမ​ပြောတတ်​​လေ​တော့ သူလည်း
အားငယ်​ရှာမှာ​ပေါ့။

တိတ်​ဆိတ်​သွားတဲ့ ထမင်းဝိုင်းကို အ​ဖေက
ပြန်​ပြီး အသက်​ဝင်​​စေတယ်​။

"ရှင်​မကို ဘယ်​သူ​ပြောလဲ၊ မင်းသား​တွေ
ပြန်​​ရောက်​မယ့်​ အ​ကြောင်းက။"

"အကို့ သားငယ်​​ပြောတာ၊
မင်းသားတစ်​ အိမ်​​ရှေ့စံနဲ့ မင်းသားသုံး​တောင်
ပညာသင်​က ပြန်​လာကြပြီး​တော့
မင်းသားနှစ်​က တခါထဲပြန်​လိုက်​မလာဘူးလား။"

"မင်းသားနှစ်​က ​နောက်​တပတ်​ကြာမှ ​ရောက်
မယ်​တဲ့၊ သူ့မယ်​မယ်​ရဲ့ ​ဆွေ​တော်​မျိုး​တော်​​တွေ
အိမ်​ကို ဝင်​ကန်​​တော့ဦးမှာမလို့တဲ့၊
မင်းသားနှစ်​ တဝက်​​လောက်​သာ အိမ်​​ရှေ့စံ
လိမ်​မာရင်​ ဘယ်​​လောက်​​ကောင်းမလဲ။"

"အကိုရယ်​ အခုလို လိမ်​မာလို့ပဲ မင်းသားနှစ်​က
နန်း​တော်​မှာ ဘယ်​တုန်းက ကြာကြာ​နေရဖူးလို့
လဲ၊ အ​ကြောင်းအမျိုးမျိုးနဲ့ နန်း​တော်​​နေရချိန်
တောင်​ သိပ်​ရှိတာမဟုတ်​ဘူးဆို၊
မင်းသားသုံးလည်း အတူပြန်​ပါလာပြီဆို​တော့
နန်း​တော်​ကြီး​တော့၊ အင်း.....ပွဲစည်​ပြီ​ပေါ့။"

"အယ်​.....အကို​ရေ၊ ရှင်​မတို့က မင်းသားငါး
လေး ​ရှေ့မှာထားပြီး သူ့အကို​တော်​​တွေ
အ​ကြောင်း ​ပြောမိ​နေကြတာပဲ။"

"​မေ​မေကပဲ ​တောင်းပန်​ပါတယ်​၊
ခွင့်​လွှတ်​​ပေးပါ ရိ​ပေါ်​လေး၊
မေ​မေတို့ မိသားစုညစာ ထမင်းဝိုင်းက
အခုလိုပဲ စား​နေကြ​လေ၊
ပြီး​တော့ ရိ​ပေါ်​လေးကို ​မေ​မေတို့က
မင်းသား​လေးဆိုတာထက်​ မိသားစုဝင်
တ​ယောက်​လိုကို သ​ဘောထားပြီး
အခုလို​တွေ ​ပြောမိတာပါ။"

အ​မေစကား​တွေကို ​ခေါင်း​လေးညိမ့်​ပြီး
လက်​ခံ​ကြောင်းနဲ့ သူဘယ်​လိုမှ သ​ဘောမထား
ကြောင်းကို ကိုယ်​နားလည်​တာမို့
အ​မေတို့လည်း နားလည်​ပါတယ်​ ​ကောင်​​လေး။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now