"အားလုံး တိတ်စမ်း။"
"ငါကိုယ်တော် စကားကိုပယ်ရှားကြတာလား....။"
"ငါကိုယ်တော် လက်နဲ့ရေးတာကို မောင်မင်း
တို့က ခြေနဲ့ဖျက်ချင်ကြတာလား၊
ငါကိုယ်တော် သားသမီးအရေးကို သဘော
တူတာ မတူတာ၊
မောင်မောင်းတို့ ဝင်ပြောစရာမလိုဘူး ၊
ငါအခု မောင်မင်းတို့ကို တိုင်ပင်နေတာမဟုတ်ဘူး၊ ငါ စီစဉ်ထားတာကို အသိပေးယုံပဲ..
အခုကန့်ကွက်နေတာ ငါကိုယ်တော်ကို ပုန်ကန်
နေတာနဲ့ အတူတူပဲမို့၊ ဒူးထောက်ထားတဲ့
သူတွေ အခုချက်ချင်း မတ်တပ်မရပ်ရင်
ပုန်ကန်သူလို့သတ်မှတ်မယ်.......။"မင်းကြီးစကား အဆုံးမှာတော့ ဒူးထောက်ထားတဲ့အမတ်တွေ အလျင်အမြန်ပဲ ကုန်းရုန်းထကြတယ်။
လျှို အမတ်ကြီးကတော့ ဘာစကားမှထပ်မပြောရဲသော်လည်း မကျေနပ်ကြောင်းကတော့မျက်နှာမှာအထင်းသား.....။မင်းကြီးက အမတ်များနဲ့ ရှောင်းသားအဖပါ
ငြင်းမရအောင် ချည်ပြီးတုပ်ပြီးပြောတာမှန်း
ရှောင်းသားအဖကလည်း နားလည်ကြတယ်။မင်းကြီးမှ
"ရှောင်းစစ်သူကြီးနဲ့ ဒုစစ်သူကြီးရဲ့ သဘောထား ကိုလည်း ပြောကြပါဦး၊
ကိုယ်တော်လည်း သားတော်အသက်ပြည့်တာနဲ့
ခမည်းခမက်တော်ချင်ကြောင်းပဲ ပြောရသေးတာ....သေချာမတိုင်ပင်ရသေးဘူး၊
ရှောင်းစစ်သူကြီး ကိုယ်တော်ပြောထားတာတော့ မှတ်မိပါတယ်နော်။""မှတ်မိကြောင်းပါ အရှင်မင်းကြီး။"
"ဒါဆို ရှောင်းစစ်သူကြီးတို့ သဘောကကော၊
ငါကိုယ်တော်ကို တိုင်ပင်ဆွေးနွေးကြလေ၊
ဒါမှမဟုတ် မင်္ဂလာရက်ပဲ တန်းကြော်ငြာ ပေးရမလား၊ ပြောပါ။"ရှောင်းကျန်းအဖို့တော့ မင်းကြီးစကားတွေက
အပိုင်တွက်ပြီးသားမို့ လှောင်ပြောင်သံစွတ်နေသလို၊ ငြင်းမရတာသိ၍ တမင်ရွဲ့ပြောနေသလို
နှင့် မျက်နှာတော်ကလည်း အောင်နိုင်သူအပြုံးမို့
ဒေါသတွေကိုသာ မြိုချနေရတယ်။
မနေ့က ဟွိုက်ခွမ်း အကြံတွေကလည်း ခေါင်းထဲ
အစီအရီ၊ ငြင်းမရမယ့်အတူတူတော့ ကိုယ်က
ဦးအောင် ချု ပ်ကိုင်နိုင်ရမယ်၊ ဟုတ်တယ်
သတ်ရင်လည်းသေ၊ မသေလည်းအမြတ်မို့....။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...