၁၄။ နီးလျက်​နှင့်​ ​ဝေး (၄)

2.1K 197 4
                                    

အ​ဖေလည်း စုန့်​နိုင်​ငံက ပြန်​​ရောက်​တာ​တောင်
မနားရဘူး။
ချက်​ချင်း ညီလာခံတတ်​ပြီး၊ ​ဆွေး​နွေးလာတဲ့
မွန်​ဂိုအ​ရေးကို ပြန်​ပြီး တိုင်​ပင်​ကြတာ။
မွန်​ဂိုအ​ရေးက အ​ရေးကြီးတယ်​၊
ကိုယ့်​တိုင်းပြည်​ကို တိုက်​ရိုက်​မထိ​ပေမယ့်
မဟာမိတ်​ အိမ်​နီးချင်းတိုင်းပြည်​ ထိ​လေ​တော့
ဝင်​မကူလို့ မဖြစ်​တဲ့ အ​ခြေအ​နေ။

စစ်​ပွဲအတွက်​ ပြင်​ဆင်​ချိန်​က အချိန်​နှစ်​လသာ
ရတာ​ကြောင့်​၊
ဒုစစ်​သူကြီးကိုယ်​တိုင်​ ရတဲ့အချိန်​မှာ
သေချာကွပ်​ကဲကြီးကြပ်​ဖို့ လိုတာ​ကြောင့်
ကောင်​​လေးကို စုံစမ်းပြု ပြင်​ဖို့အ​ရေးက
နောက်​ဆုတ်​ထားရ ပြန်​တယ်​။

........................................................................

မနက်​ဖြန်​ဆိုရင်​ သူဦး​ဆောင်​တဲ့ စစ်​တပ်​ကြီးက မွန်​ဂိုစစ်​ပွဲအတွက်​ ​ရှေ့တန်းထွက်​ပြီ။
ကောင်​​လေးကို ​သေချာမ​တွေ့ရတာ နှစ်​လ​နီးနီး
ရှိ​ပေါ့..........။
လေ့ကျင့်​​ရေး ကာလအတွင်း စစ်​တန်းလျားမှာပဲ​နေ​ဖြစ်​တာ​ကြောင့်​၊
ကောင်​​လေးကို နန်း​တော်​ညီလာခံတတ်​တဲ့ ရက်​​တွေမှာ ရံဖန်​ရံခါသာ နန်း​တော်​ထဲမှာ ​တွေ့ရတတ်​တယ်​။ ​တွေ့တိုင်း ကျင်းရီကို​မေး​တော့
မိဖုရားကြီးဆီ အခစားဝင်​​ပေးရ​ကြောင်း သိရ
တယ်​။
ကောင်​​လေးနဲ့ မိဖုရားကြီးကြား ပတ်​သတ်​မူက
ရှိးရှင်းမှာ မဟုတ်​ဘူး။
မနက်​ဖြန်​သွားမယ့်​ စစ်​ပွဲက အချိန်​လေးလက​နေ
ခြောက်​လ​လောက်​ထိ ကြာနိုင်​တာ​ကြောင့်
ပြန်​လာမှပဲ အတိုးချ ပြီး အနီးကပ်​ စုံးစမ်းရမယ်​။
ဒီည​နေ​တော့ အိမ်​​တော်​ခနပြန်​ပြီး ​ကောင်​​လေးကို နှုတ်​ဆက်​ဦးမှပါ၊
ဘယ်​လို​ကြောင့်​ပဲ အနား​ရောက်​လာလာ
အခုချိန်​မှာ​တော့ ​ကောင်​​လေးက သူနဲ့
တရားဝင်​လက်​ထပ်​ထားတဲ့ လက်​တွဲ​ဖော်​ပဲ​လေ။

🍃

လူကြီးက မနက်​ဖြန်​ စစ်​တိုက်​ထွက်​ရမယ်​။
ပြီးခဲ့တဲ့ နှစ်​လလုံး တခါတ​လေမှ နန်း​တော်​ထဲ
ဆုံတတ်​တာ၊၊
အရင်​ကဆို မိဖုရားကြီးဆီ အခစားဝင်​ရမှာ
ကြောက်​​ပေမယ့်​၊
လူကြီးနဲ့က နန်း​တော်​မှာပဲ ​တွေ့ရတတ်​​တော့
မိဖုရားကြီး အ​ခေါ်လွှတ်​မှာ​တောင်​ ​မျှော်​​နေမိတာ၊ လွမ်း​နေမိတာ​တော့ မဟုတ်​​လောက်​ပါဘူး၊
မ​တွေ့တာကြာလို့ ​တွေ့ချင်​စိတ်​ဖြစ်​​တာ ​နေမှာ၊
အခုလည်း ကြည့်​ပါလား၊၊
မနက်​ဖြန်​သွားမှာကို ခန​လေး​တောင်
လာမနှုတ်​ဆက်​ဘူး​လေ။
ပြော​တော့ သူနဲ့တရားဝင်​လက်​ထပ်​ထားတဲ့ သူ့
အိမ်​သူမို့ သူ့စကား နား​ထောင်​ရမယ်​ဆို၊
သူ့ကျ​တော့ အိမ်​​ထောင်​ဦးစီး တာဝန်​​ကျေလို့လား.............၊
လူကို အသိလည်းမ​ပေး၊ လာလည်း မနှုတ်​ဆက်
ဘူး​လေ။
ဘုရား​ရေ........၊ ငါ ဒီလူကြီးကို ငါ့အိမ်​​ထောင်
ဦးစီး​ယောကျာ်းလို့ သတ်​မှတ်​လိုက်​တာလား။
ဝမ်​ရိ​ပေါ်​ရေ .....မင်းဘာ​တွေ
တွေး​နေတာမိတာလဲကွာ။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now