၃၄။ ချစ်​တဲ့ ​စိတ်

1.8K 198 18
                                    

"​ကော ​လေ့ကျင့်​ကွင်း သွားကြမယ်​​လေ။"

"အင်း သွားမှာ​ပေါ့၊ လီဝမ်​တကယ်​​ကော သက်​သာရဲ့လား။"

"ဟုတ်​ သက်​သာ​နေပါပြီဆို။"

"သွားမယ်​​နော်​ ဓား​ရေးသင်​ချင်​လှပြီ၊
မ​နေ့ထဲက သွားရမှာကို ကျန့်​​ကော​ကြောင့်
မသွားလိုက်​ရဘူး။"

"ဟုတ်​ပါပြီ မြန်​မြန်​သွားချင်​ရင်​ ဝတ်​စုံလဲလိုက်​။"

ဝတ်​​နေကျ ဝတ်​စုံ ဖြူ ဖြူ ​လေးအစား၊ ဓား​ရေးကျင့်
ိဖို့ ​ပေါ့ပါးတဲ့ ဝတ်​စုံအပြာ​လေးနဲ့လည်း ​ကောင်​​လေးရဲ့ ​ချော​မောလှပမူ​တွေက တမျိုးတဖုံကြည့်
ကောင်း​နေပြန်​တယ်​။

လက်​ဆက်​ပြီးကာစက ​ကောင်​​လေးကို သူ့
ဝေယာဝဇ္ဇ သူ့ဘာသာလုပ်​တတ်​​စေခဲ့တာ
ကြောင့်​ အခုဆို​ကောင်​​လေးက ကျင်းရီအကူ
အညီမပါဘဲ သူ့ဘာသာပင်​ ကျွမ်းကျင်စွာ ​​လုပ်​တတ်​​နေပြီ။

မထုံးဖွဲ့စဖူး ရှင်းလင်း​သေသပ်​စွာ ထုံးဖွဲ့ထားတဲ့
ဆံပင်​​လေး​တွေ​ကြောင့်​ ​ယောကျာ်းပီသတဲ့ ​မေးရိုးချွန်​ချွန်​​လေး​တွေက ပိုထင်​​ပေါ်သွားတယ်​။
အခုလို​ပုံ​လေးက ​ချော​မောလှပတာထက်
ချော​မောခန့်​ညားတဲ့ ပုံ​လေး​ပေါ့။

မေးရိုးထင်းပြီး ပါး​လေး​ဖောင်း​နေတဲ့သူမျိုးက
ရှားပါးလှသလို ​ကောင်​​လေးကလည်း ကျွန်​​တော်​​အဖို့ ရှားပါးအဖိုးတန်​​လေး​။

အချစ်​ဆိုတာ ဘယ်​လိုမျိုးလဲလို့ ကျွန်​​တော်​ကို
မေးရင်​ ကျွန်​​တော်​တကယ်​မသိပါဘူး၊ ဒါ​ပေမယ့်
ကောင်​​လေးရဲ့ ဘယ်​လိုအပြုအမူ​သေး​သေး​လေးကမဆို ကျွန်​​တော့်​အတွက်​​တော့ ချစ်​မြတ်​နိုးဖွယ်​ကြီးပဲ။

ကောင်​​လေးကို ပိုင်​ဆိုင်​ခွင့်​ရတာ စစ်​ပွဲ​တွေဆီက ​အောင်​မြင်​မူကို ပိုင်​ဆိုင်​ရတာထက်​ကို ပိုတန်​ဖိုးထားတာမလို့ ​နောင်​အနာဂတ်​မှာ ကျွန်​​တော်​ရဲ့ ပိုင်​ဆိုင်​မူ​လေးကို စွန့်​လွှတ်​လိုက်​ရရင်
ကျွန်​​တော်​....ကျွန်​​တော်​ဆက်​ မ​တွေးရဲ​လောက်
အောင်​ပါပဲ။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now