၂၉။ အတိတ်​တမာ (၃)

1.9K 211 34
                                    

လီမင်းကြီး အမိန့်​​တော်​က လျှိုမိဖုရားကြီးအတွက်​​တော့ ​ထပ်​မံကျူးလွန်​စရာမလိုသည်​မို့ ကြိတ်
ပြုံးရင်​ ​နောက်​ကွယ်​မှာ အားရပါးရ ရယ်​​မောရတယ်​.....................။

ဝမ်​မင်သားငယ်​​လေး(ခ)ဝမ်​​လေးမှာ
ကြောက်​စရာ​ကောင်း​သော နှစ်​ရက်​တာကို
မယ်​မယ်​နှင့်​ ခမည်း​တော်​ကို ပြန်​မ​ပြောရဲ ​လောက်​​အောင်​ကို ​ကြောက်​ရွံ့မိတယ်​။

ဝမ်​​လေးကို မယ်​မယ်​ကြီး(လျှိုမိဖုရားကြီး)က
သေချာမှာလိုက်​တာ အခုအဖြစ်​အပျက်​ကို
မယ်​မယ်​နဲ့ တခြားသူ​တွေကို ပြန်​​ပြောရင်
ဟိုအထိန်း​တော်​ကြီးလို သတ်​ပစ်​မှာတဲ့.......။

ပြီး​တော့ မယ်​မယ်​နဲ့ မမကိုပါ အထိန်း​တော်​ကြီးလို သတ်​မှာလို့လည်း ​ပြောခဲ့တယ်​။

ဝမ်​​လေး ​ကြောက်​တာ​ပေါ့ မယ်​မယ်​ကြီးက
ဟိုအထိန်း​တော်​ကြီးကို အ​သေရိုက်​ပြီး

အထိန်း​တော်​ကြီးရဲ့ ​ခြေသည်းခွံ လက်​သည်းခွံ
တွေကို ညှပ်​ကြီးနဲ့ ဆွဲချွတ်​တာ၊ ​ခြေ​ထောက်​​တွေကို ဓားနဲ့ မွှန်း၊ ပြီး​တော့ မျက်​လုံး​တွေထုတ်​ပစ်​ပြီး လျှာကြီးကိုပါ ဖြတ်​ပစ်​ကြ​တော့ ​သွေး​တွေ
အများကြီးနဲ့ အထိန်း​တော်​ကြီး ​အော်​သံဟာ
ကြောက်​စရာ​ကောင်းလွန်းလို့ သတိလစ်​​မေ့​မျော
ခဲ့ရတယ်​။

ဝမ်​​လေးပြန်​သတိရ​တော့ မယ်​မယ်​ကြီးက
ဝမ်​​လေးကို ရင်​ခွင်​ထဲ ဖက်​ထားရင်း စကားဆိုတယ်​။ မယ်​မယ်​ကြီးက သူ​ပြောသလို သူခိုင်းသလို
မလုပ်​ရင်​၊ သူ​ပြောသလို မ​နေရင်​၊ အခုမြင်​​တွေ့ရတာ​တွေကို တခြားသူ​တွေပြန်​​ပြောရင်
ဝမ်​​​လေးနဲ့ မယ်​မယ်​တို့ကို အထိန်း​တော်​ကြီးလို
လုပ်​ပစ်​မှာ ဖြစ်​​ကြောင်း​ပြောခဲ့တယ်​။

ဝမ်​​လေး မယ်​မယ်​တို့ဆီ ပြန်​​ရောက်​ချိန်​မှာ​တော့
မယ်​မယ်​ကြီးခိုင်းတဲ့အတိုင်း လုံးဝစကားမ​ပြော​ခဲ့ဘူး၊ မယ်​မယ်​ကြီး​ပြောသလို​နေပြီး ခိုင်းသလိုသာ ​နေခဲ့တယ်​။

ဝမ်​​လေးမှာ အကို​တော်​​တွေကဲ့သို့ မင်းသားတပါးတတ်​ရမယ့်​ ပညာ​တွေသင်​ချိန်​​ရောက်​​တော့လည်း မယ်​မယ်​ကြီးရဲ့ ​ခေါင်းခါမူနဲ့ ခမည်း​တော်
တို့ကို ဆန့်​ကျင်​ခဲ့ရတာ.........။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now