၁၆။ ချစ်​ခြင်းအစ လွမ်းခြင်းက

2.2K 215 10
                                    

လေးလအကြာ စစ်​ပွဲအပြီးမှာ​တော့
ရှောင်းကျန့်​တို့ ကူတိုက်​​ပေးရတယ့်​ မွန်​ဂိုစစ်​ပွဲ
ကြီးက ​အောင်​မြင်​စွာပြီးဆုံးခဲ့တယ်​။
မွန်​ဂိုကျူး​ကျော်​သူ​တွေ ​နောက်​ဆိုကျူး​ကျော်​ရဲ
မှာ​တောင်​မဟုတ်​။
စစ်​ပွဲ​လေးလအတွင်း သူအိမ်​ကို နှစ်​ကြိမ်​သာ
ဆက်​သွယ်​နိုင်​ခဲ့တယ်​။
ကောင်​​လေးကို​တော့ လွမ်းမိသား။
ကောင်​​လေးဆီကို တိုက်​ရိုက်​​တော့ မဆက်
သွယ်​ဖြစ်​ပါဘူး၊ ​ကောင်​​လေးမှ မဖတ်​တတ်​တာ။
ုပြန်​​ရောက်​ရင်​​တော့ စာသင်​​ပေးမှကိုဖြစ်​မယ်​၊
တခြားဟာ​တွေလည်း တဖြည်းဖြည်း သင်​​ပေး
ရမယ်​။
ကောင်​​လေးက အခုမှ ငယ်​ငယ်​​လေးရှိ​သေးတာ၊ ဘာမှ မတတ်​တာ အံ့ဩဖို့​တောင်​​ကောင်း
တယ်​။
ကောင်​​လေး အိမ်​​တော်​မှာ ​မွှေ​နေသလားလို့
အ​ဖေ့ကို​ ​မေး​တော့၊
အ​ဖေပြန်​စာ​ကြောင့်​ စိတ်​ထဲတမျိုးကြီး။
ကောင်​​လေးက အိမ်​​တော်​မပြန်​ဘဲ
နန်း​တော်​ထဲပြန်​​နေတာ သူစစ်​စထွက်​တဲ့
နေ့ထဲကတဲ့၊ ပြီး​တော့ အဒါကလည်း
မိဖုရားကြီးကိုယ်​တိုင်​ သူမရှိခင်​ မင်းသား​လေး
ကို အလွမ်း​ပြေ ခနပြန်​​ခေါ်ထားပါရ​စေဆိုပြီး
မိဖုရားကြီးကိုယ်​တိုင်​ အ​ဖေကို ခွင့်​​တောင်းဆိုပဲ။
ကောင်​​လေးကို ဝမ်​မိဖုရားထက်​ မိဖုရားကြီးအ
နားမှာ ပို​တွေ့ရသလိုပဲ။
သူ့အနားကို မိဖုရားကြီးက ပို့လိုက်​တာ
များလား၊ မိဖုရားကြီးပို့ရင်​​တော့ ​ကောင်း​သော
ပို့ချင်းမဖြစ်​နိုင်​ဘူး။
မိဖုရားကြီးမှာ အိမ်​​ရှေ့စံသား​တော်​ ရှိ​ပေမယ့်​၊
သူတို့လျှို မျိုးရိုးက မျိုးရိုးကြီးသ​လို အကြံကြီး
တာလည်း နန်းတွင်းတခုလုံး အသိပင်​။
ပြန်​​ရောက်​ရင်​​တော့ လက်​ဆက်​​ပေးတဲ့ အဓိက
အ​ကြောင်းရင်းကို ​အ​သေးစိတ်​စုံစမ်းရမယ်​။
ကောင်​​လေးကိုလည်း ​လျော့တွက်​ထားလို့
မဖြစ်​ဘူး၊ ဒါ​​ပေမယ့်​ ​ကောင်​​လေး သူ့အနားကို
ဘယ်​လို အ​ကောင်းပြချက်​နဲ့ ​ရောက်​လာပါ​စေ
အခုအချိန်​မှာ​တော့ ​ကောင်​​လေးက သူနဲ့
တရားဝင်​လက်​ထပ်​ထားတဲ့ လက်​တွဲ​ဖော်​မို့
ဘာအ​ကြောင်းနဲ့ဖြစ်​ဖြစ်​ ဘယ်​သူ့လက်​ထဲမှ
ပြန်ထည့်​​မ​ပေးနိုင်​ဘူး............။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now