၄၀။ ​ရွှေမြင့်​မိုရ်​ မပြိုပါ​လေနဲ့လား

1.3K 127 18
                                    


လီဝမ်​ကို ဘယ်​လို​ပြောရပါ့.....။

လီဝမ်​နဲ့ မင်းကြီး​တွေ့ထားတာ ၁လ​ကျော်​လို့်
၂လပင်​ မပြည့်​တတ်​​သေးဘူး.....။

အခု မင်းကြီးက နတ်​ရွှာစံ ကံကုန်​​ပြီတဲ့လား...။

ညသန်း​ခေါင်​​ကျော်​ နာရီပြန်​ ၂ချက်​​လောက်​မှာ
စာချွန်​လွှာပို့သူက တိတ်​တဆိတ်​​ရောက်​လာပြီး
မင်းကြီးနတ်​ရွှာစံ ကံကုန်​​ကြောင်း သတင်းပို့လာ
တယ်​........။

တိုင်းသူပြည်​သား​တွေကို​တော့ အ​ရေးကြီး​ပေမယ့်​ ညလယ်​ကြီးမလို့ အထိတ်​တလန့်​ ဖြစ်​မည်
ဆိုး၍ မနက်​မိုး​သောက်​မှသာ
အသိ​ပေး​ကြော်​ညာ​မောင်းခတ်​မည်​ဖြစ်​​ကြောင်း
စာချွန်​လွှာမှာ ပါရှိလာခဲ့တယ်​။

အခုချိန်​သာ ​မောင်း​ခတ်​ခဲ့ရင်​ တကယ်​လည်း
တစ်​တိုင်းပြည်​လုံး တုန်​လှုပ်​​ခြောက်​ခြားပြီး
အုပ်​​အော်​​သောင်းနင်း​တွေ ဖြစ်​ကြမှာ....။

မင်းကြီး ​ရောဂါ​ဝေါဒနာဖြစ်ေ​နတာကို
နန်းတွင်းမှာ​တောင်​ တချို့တ​လေပဲ သိကြတာ။

ဒါ​​ကြောင့် ​မင်းကြီး​ရောဂါ​ဝေဒနာဖြစ်​​နေတာ
လုံးဝမသိ​သေးတဲ့ တိုင်းသူပြည်​သား​တွေအတွက်​ မင်းကြီးနတ်​ရွှာစံ ကံကုန်​ပြီလို့ ​​မောင်းခတ်
သံ ကြားတာနဲ့ ဝမ်းနည်းပူ​ဆွေးတာအပြင်
မင်းကြီး ဘာ​ကြောင့်​ ကံကုန်​မှန်းမသိ​သေးတဲ့
အတွက်​ နန်းတွင်းအ​ရေးကိုလည်း စိုးရိမ်​ပူ​နေ
ကြမှာ....။

အလိုအချက်​​တွေ​ကြောင့်​ပဲ အ​ရေးကြီး​ပေမယ့်
မနက်​မိုး​သောက်​မှ တိုင်းသူပြည်​သူသား​တွေကို
သိ​စေမှာ.....။

အခု အားလုံးထက်​ အ​ရေးကြီးတာ လီဝမ်​ပဲ..
အ​ဖေနဲ့ ကျွန်​​တော်​တို့ ညီအကို​တွေ အကုန်​လုံး
မဖြစ်​မ​နေ နန်း​တော်​ဝင်​ရမှာ....။

ကျွန်​​တော်​ လီဝမ်​ကို ထားခဲ့မယ်​၊
အခုချက်​ချင်း အသိ​ပေး ​ခေါ်လာလို့ မဖြစ်​တာမို့
အ​ခြေအ​နေကြည့်​ပြီးမှ ပြန်​လာ​ခေါ်ရမယ်​။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now