၁၀။ အလွဲများနဲ့ အစပြု​သော်

3K 229 4
                                    

ရှောင်းကျန့်​ နိုးလာ​တော့ ကိုယ်​​ပေါ်မှ ​စောင်​ကိုခွာပြီး ကုတင်​​ပေါ်ကအဆင်း ကုတင်​​အောက်​က ပြန့်​ကျဲ​နေတဲ့ အနီ​ရောင်​အဝတ်​​တွေကို မြင်​မှ မ​နေ့က မင်္ဂလာပွဲနဲ့ မင်္ဂလာဦးညကို
သတိရတယ်​။

သွားပြီ....မ​နေ့ကငါ မင်းသားနဲ့.........။

ရှောင်းကျန့်​လည်းခုမှ ကုတင်​တဖက်​စွန်းကို
ကြည့်​မိ​တော့၊
နောက်​​ကျော​ပေး အ​နေအထားနဲ့ ​စောင်​ကို
လက်​​မောင်း​အောက်​ ဖိပြီးခြုံ ထားတဲ့လူ။
ပေါ်​နေတဲ့ လက်​​မောင်းတဖက်​မှာ အနီကွက်​​တွေနဲ့ ကိုက်​ရာ​တွေပါလား။
လက်​ဆိုမှ ထိုလူ့လက်​ သွယ်​သွယ်​​လေးက
မိန်းက​လေး များလား၊ အ​နောက်​ကမြင်​​နေရတဲ့
လက်​​ချောင်းရာ​တွေနဲ့ ပုခုံးသား​​တွေကလည်း
ဖွေး​ဖွေး​လေး။

ဘုရား​ရေ.....၊ ငါညက မင်းသားဟုတ်​ မဟုတ်
တောင်​ ​သေချာမစစ်​​မေးလိုက်​ရဘူး၊
မ​နေ့ထဲက ဒီလက်​​တွေ​ကြောင့်​ မသင်္ကာ ဖြစ်​​နေတာ ၊ မ​တော်​လို့များ မင်းကြီးက လူစားလဲထား
ရင်​ ဘယ်​လိုလုပ်​မလဲ၊
ငါ မ​နေ့က အိပ်​မိတာ ​ယောက်ျား​လေးလား၊
မိန်းက​လေးလား​​တောင်​ မမှတ်​မိ​တော့ဘူး၊
တော်​​တော်​​သောက်​လိုက်​မိတာပဲ။

လူစားထိုး မိန်းက​လေး ဆိုရင် ​ငါ့ဘဝ​တော့
မ​တွေးရဲဘူး၊
ကုတင်​​ပေါ်က လူက​ကော အသက်​​​တောင်​ရှိ​သေးရဲ့လား နိုးကြည့်​ရမှာပဲ...........။

"​ဟေ့ ​ဟေ့၊ ထစမ်း.....၊ ထဦး.....ထ...ထ....။"

ပေါ်​နေတဲ့ လက်​​မောင်းကိုပဲ လှုပ်​ကိုင်​နိုးရတယ်​။

နိုးလာ​တော့ သူ့မျက်​နှာမြင်​ပြီး ရုတ်​တရက်
ထထိုင်​​မှ ရင်​ဘက်​​​ပေါ်သွားတဲ့ ​စောင်​​ကြောင့်
သာ ​ယောကျာ်း​လေးမှန်း သိရတာ။
တွံ့ရှုံ့​နေတဲ့ မျက်​နှာ​လေးက လှသား။
ယောကျာ်းဆို​တော့ လှတာဘယ်​ဟုတ်​မလဲ၊
ချောတာ​ပေါ့......။

ရိ​ပေါ်​တော့ သူ့မျက်​နှာနား၊ ​ရှောင်းကျန့်​ မျက်​နှာ
ကြီးကို အနီးကပ်​မြင်​လို့ လန့်​ပြီး ထထိုင်​လိုက်​တာ၊ တစ်​ကိုယ်​လုံးကို အီစိ​မ့်​သွားတာပဲ၊
ကျောတ​လျောက်​ ​အောင့်​ပြီး ​အောက်​ပိုင်းက
တော်​​တော်​ နာ​နေတာပဲ၊ အခုလည်း သူ့မျက်​နှာ
ကြည့်​​နေတဲ့ မျက်​လုံးကြီးက ကျွတ်​ကျ​တော့
မတတ်​၊ ဆက်​မထိုင်​နိုင်​​တော့ဘူး.....၊
ပြန်​လှဲမှ ရ​တော့မယ်​။


တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now