၅၂။ ငယ်​နိုင်​မှ အစပြု​သော (၁)

1.1K 82 20
                                    

'ငယ်​နိုင်​'တဲ့ စကားလုံးက​တော့ နှစ်​လုံးထဲ။

သို့​ပေမယ့်​ ခံရသူအဖို့က ငယ်​နိုင်​ဆိုသည့်​အတိုင်း ငယ်​ရွယ်​စဉ်​ကတည်းက အနိုင်​ကျင့်​ခံရသည်
မှာ ငယ်ကစလို့ ​ဘယ်​အချိန်မှ လွတ်​​မြောက်​ခွင့်
ရမည်​မှန်းမသိနိုင်​သည့်​ ဆုံးရှူံးနစ်နာမူ။

မကြုံဖူး မယုံ၊ ကြုံဖူးမှ ကိုယ်​တိုင်​ယုံမည့်​ ငယ်​နိုင်
တ​ယောက်​ရဲ့ ခံစားချက်​ကို ကိုယ်​တိုင်​ခံစားခဲ့ရသည့်​ နန်းတွင်းမိဖုရားတပါးရဲ့ လက်​စား​ချေရာ
ထွက်​​ပေါက်​က နန်းတွင်းတခုလုံးအ​ပေါ်
အကျိုးသက်​​ရောက်​ခဲ့တာက ထိုအနိုင်​ကျင့်​ခံမိဖုရားကို အနိုင်​ယူခဲ့သူကလည်း
နန်းတွင်းမိဖုရား​ပေမလို့ နန်းတွင်းမှာ အစမပျိုးခဲ့တဲ့ ဇာတ်​လမ်းက နန်းတွင်းမှာ အဆုံးသတ်​ဖို့ ရှိ​နေခဲ့တယ်​။

အိပ်​စက်​ရာသလွန်​​တော်​​ပေါ်မှာ
လူ​သေနှင့်​မခြား မလူပ်​မယှက်​နိုင်​တာက​တော့
ယခင်​မင်းကြီးလီစစ်​​ဖေးရဲ့ ​မွေးမယ်​​တော်
လျှိုမယ်​​တော်​ကြီး လီလျှို​ဖေး။

သား​တော်​မင်းကြီးလီစစ်​​ဖေး ကံကုန်​​တော်​မူတဲ့
ညထဲက ကျန်းမာ​ရေး​ဖောက်​ပြန်​ခဲ့တာက ယ​နေ့
အချိန်​အထိပင်​။
တ​နေ့တခြား ဆိုးဝါးလာတဲ့ ကျန်းမာ​ရေးအ​ခြေ
အ​နေက နန်းတွင်းသမား​တော်​​တွေပင်​ လက်​​​လျော့ချင်​လာ​လောက်​ကို ပြင်းထန်​လှတယ်​။

ထိုသလွန်​​တော်​​ရှေ့မှာ ထိုင်​​ရင်း စကားဆိုေ​နတာက​တော့
လှဲ​လျောင်း​နေသူ လျှိုမယ်ေ​တာ်​ကြီးလီလျှို​ဖေးရဲ့ဝမ်းကွဲညီမ​တော်​,​တော်​စပ်​သူ ဖြစ်​ပြီး
အခုလက်​ရှိမင်းကြီးလီမင်​​ဖေးရဲ့​မွေးမယ်​​တော်
ဒုလျှိုမယ်​​တော်​ကြီးလီလျှိုရင်​။

ကျွန်​မ အမ​တော်​ကို လာကြည့်​တာက ​တသက်​လုံး မ​ပြောခဲ့ရတာ​တွေကို ​ပြောချင်​လွန်းလို့၊
ပြီး​တော့ အမ​တော်​ မသိလိုက်​မှာဆိုးလို့၊
ပြောချင်​တာ​တွေ ထပ်မထိန်း​​ထားနိုင်​​တော့လို့ပါ
အမ​တော်​........။

"အမ​တော်​ အမ​တော်​ရဲ့ ငယ်​နိုင်​​လေးလာတယ်
ထကြည့်​ပါဦး၊ ထ​ပြောဦး​လေ 'နင်​ဘာကြီးပဲဖြစ်​လာလာ ငါ့​နောက်မှာ အမြဲ​နေရမယ့်​ ငါ့ငယ်​နိုင်​'
လို့ ထ​ပြောဦး​လေ၊
အခု​တော့ မ​ပြောနိုင်​​တော့ဘူးမလား....။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now