"ကျင်းရီ၊ မင်းသားလေး ဘယ်မှာလဲ။"
"အိပ်ဆောင်ခန်းထဲမှာပါ၊ သခင်လေး။"
အိပ်ဆောင်ခန်းထဲမှာဆိုတော့
ညနေစောင်းကြီး အိပ်ပျော်နေမလားလို့
ကုတင်ပေါ်ကြည့်တော့လည်း မရှိ၊
ကိုယ်က အချိန်မရပါဘူးဆိုမှ
ဒင်းက အခုအချိန်ထိ ဘယ်လျောက်သွားနေ၊
ကိုယ်မရှိတော့ ပိုဆိုးနေမှာပေါ့။
အခန်းထဲက ရေချိုးဆောင်မှာများလား ဆိုပြီး
ကြည့်မိတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုဖြစ်ပြီ။
ရေချိုးဇလုံကြီးထဲက အဝတ်ကပ်မနေတဲ့
ကိုယ်လုံးဖွေးဖွေးလေးက အကြည့်မလွှဲနိုင်အောင်ကို လှရက်နေတာလေ။
မဖြစ်ပါဘူး၊ တွေ့သွားရင် ချောင်းကြည့်နေတယ်
ထင်ဦးမယ်၊ ကိုယ်က တချိန်ကျရင် ဗြောင်ပဲကြည့်ချင်တာ။ထွက်လာပါပြီ၊ ရေချိုးဆောင်ထဲက အတွင်းဝတ်
မဝတ်ရသေးဘဲ အပေါ်ရုံအပါးလေးသာ ခြုံ ပြီး
လျှောက်လာတဲ့ကောင်လေးက သူ့ကို မမြင်ဘဲ
အဝတ်လဲခန်းထဲ ဝင်ဖို့ ပြင်နေတာ။
ကြာတယ်၊ မစောင့်နိုင်တော့တာထက်
ဒီအခန်းထဲမှာ ထပ်မနေချင်တော့တာ၊
ကြာကြာနေမိရင် ကောင်လေးကို တခုခုလုပ်မိ
တော့မှာ။
နှစ်ဆယ့်လေးနှစ် လုံးလုံး ထိန်းသိမ်းလာတဲ့
သမာဓိတွေက တရားဝင်အိမ်ထောင်ဖက်ပေါ်
မှာပဲ ဖောက်ဖျက်ချင်တာ သူအလွန်တော့
မဟုတ်ဘူးထင်တာပဲ။"အဟမ်း၊ အဟမ်း....။"
"အား...မယ်မယ်.....။"
သူအသံပေးလိုက်ကာမှ လန့်သွားတဲ့
ကောင်လေးက ရင်ဘက်လေးဖိပြီး
မျက်ရည်တောင်ဝဲလို့ပါလား။အနားသွားပြီး လန့်သွားတာလား၊ ကောင်လေး
ဆိုတော့ ခေါင်းညိမ့်ပြတယ်။
ငါမင်းကို မနက်ဖြန်စစ်ထွက်မှာမို့
လာနှုတ်ဆက်တာ ဆိုတော့လည်း
ခေါင်းညိမ့်ပြတယ်။
ငါမရှိတုန်း လိမ်လိမ်မာမာနေ၊ ငါ မကြာဘူး
ပြန်လာမှာဆိုလည်း ခေါင်းညိမ့်ပြတာပဲ။
အခုမှ ခေါင်းတညိမ့်ညိမ့်နဲ့ လိမ်မာနေပါ့လား၊
ပြီးမှ မွှေချင်ရာ လုပ်ချင်ရာ လုပ်နေမယ့်ရုပ်ပါ။
ရေစိုဆံပင်နဲ့ အဝတ်ပါးတွေကြောင့်
အရင်အဝတ်အစားလဲ ပြီးမှ စကားဆက်ပြော
မယ်ပြောပြီး စားပွဲမှာ ပြန်လာထိုင်နေရတယ်။
ကောင်လေးရဲ့ အခုပုံစံလေးကို ကြာကြာကြည့်
မိလို့ မဖြစ်ဘူး။"အားးးးး၊ မယ်မယ်...၊ မယ်မယ်" ဆိုတဲ့ ကောင်လေးရဲ့
အထိတ်တလန့် အော်သံကြောင့်၊
လူက အဝတ်လဲခန်းထဲ အပြေးတပိုင်းရောက်
သွားတော့ ကိုယ်ပေါ်ကို လွှားခနဲခုန်တတ်လာ
တဲ့ကောင်လေး၊ ပြု တ်ကျမှာဆိုးလို့
အဝတ်မပါတဲ့ တင်ပါးလေးကို လက်နဲ့ထိန်းကိုင်
ထားရတယ်။
ကိုယ်ပေါ် ဖက်တွယ်ထားတဲ့ ကောင်လေးက
တအားအား အော်ရင်း လက်တဖက်က
အင်္ကျီထပ်တွေပေါ်မှာ ကပ်နေတဲ့ ပိုးဟပ်
ခေါင်းပြတ်လေးကို တထိုးထိုး.......။
ကြောက်လို့လား ဆိုတော့ ခေါင်းညိမ့်ပြလာ
တယ်။
ပိုးဟပ် ဖယ်ပေးမို့ ကိုယ်ပေါ်က ဆင်းဆိုတော့
မဆင်းတဲ့အပြင် ကိုယ့်လည်ပင်းဖက်တွယ်ပြီး
လည်တိုင်မှာ သူ့မျက်နှာဖွက်ကာ မကြည့်ရဲသလို
လုပ်တော့ ဒီလူက ခြေလှမ်းတောင် မမှန်ချင်
တော့တာ ဒင်းကမသိဘူး။ပိုးဟပ် ဖယ်ပြီးပြီ၊ ဆင်းလို့ရပြီဆိုမှ ကိုယ်ပေါ်က
ဆင်းဖို့လုပ်တဲ့ ကောင်လေးရဲ့
အိစက်စက်မက်မွန်သီးတင်ပါးလေးတွေကို
မလွှတ်ချင်၊ မလွှတ်ခင်လေး အားနည်းနည်း
ထည့်ပြီး ပွတ်သပ်ဖိညှစ်လိုက်တော့
ကောင်လေးဆီက ညည်းသံလို အသံလေး
ထွက်လာတယ်။အဒီအသံလေးကြောင့်ဘဲ လွတ်ချင်ချင် ဖြစ်နေ
တဲ့ စိတ်တွေက အစိုးမရတော့........။ပြန်သတိကပ်ချိန်မှာတော့
ကောင်လေးက ကုတင်ပေါ်မှာ
သူ့လက်ချက်နဲ့ ပင်ပန်းပြီး အိပ်ပျော်နေပြီ။
ကောင်လေးကို သန့်ရှင်းရေး လုပ်ပေးပြီး
အဝတ်အစားပါ ဝတ်ပေးခဲ့တယ်။
အိပ်ပျော်နေတဲ့ ကောင်လေးနဖူးလေးကိုလည်း
ခပ်ဖွဖွ နမ်းခဲ့မိတယ်။
ဘာကြောင့်မှန်းမသိ နမ်းချင်လို့ကို နမ်းလိုက်မိ
တာ၊ ကျေးဇူးပါ ကောင်လေးရေ။
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...