၄၆။ ​​ရေထက်​ပျစ်​​သော ​သွေးစကား (၁)

1K 106 14
                                    




"ညီ​တော်​ မပြန်​နဲ့ဦး အကို​တော်​​ပြောစရာ
ရှိတယ်​.......။"

လဖ္ဘက်​ရည်​ဝိုင်းမှ မင်းသားသုံးပြန်​သွားပြီး
များမကြာမီမှာ မင်းသားငါးလည်း ​ရှောင်းအိမ်
တော်​ပြန်​ဖို့ရာ အကို​တော်​မင်းကြီးကို

အမူအရာပြနှုတ်​ဆက်​ဂါဝရပြုပြီး အခန်းဝ
အ​ရောက်​မှာ ထွက်​​ပေါ်လာ​သော လီမင်းကြီးရဲ့
တားမြစ်​သံ......။

ညီ​တော်​တဲ့......ကျွန်​​တော်​ရင်​ထဲ ​ပြောမပြတတ်
အောင်​ ​နွေး​ထွေးကြည်​နူးရတယ်​။ ဒါဟာ အကို​တော်​တစ်​ရဲ့ မင်းကြီးဖြစ်​စထဲက ကျွန်​​တော်
အ​ပေါ် ​ပြောင်းလဲလာတဲ့ အ​ခေါ်အ​ဝေါ်​။

ခမည်း​တော်​မရှိ​တော့တဲ့​နောက်​ပိုင်းမှာ ကျွန်​​တော်​တို့ ညီအကို​တော်​​တွေအကြားမှာရှိတဲ့ ဆက်
ဆံ​ရေးသ​ဘောထား​တွေ အရင်​ကထက်​​ပြေလည်​မူ ရလာတာ​ကြောင့်​ တမျိုး​လေးစိတ်​ချမ်းသာ
ရတယ်​။

ညီ​တော်​ကို မပြန်​ဖို့ရာ​ပြောရင်း မတ်​တပ်​ရပ်
လိုက်​တဲ့ လီမင်းကြီးမှာ ရင်​​ခေါင်းထဲမှ ပူတတ်​လာပြီး အထဲရှိအတွင်းကလီစာ​တွေကို

ဆွဲညစ်​​နေသကဲ့သို့ ခံစားလာရတာ​ကြောင့်​ ​ရှေ့က စားပွဲခုံကို အားပြု​ထောက်​လိုက်​ရတယ်​။

ကျွန်​​တော်​ အခုလိုအဖြစ်​မျိုး​ရောက်​ရ​တော့မှာကို

ကြိုသိထားတာ မကြာ​သေး​ပေမယ့်​ ဒီ​လောက်
ခပ်​မြန်ြ​မန်​ကြီး ​ရောက်​လာမယ်​လို့​တော့
တကယ်​မထင်​ထားမိတာပါ။

ကျွန်​​တော်​ရဲ့ ​နောက်​ဆုံးအချိန်​​ရောက်​လာပြီ​ပေါ့

ကျွန်​​တော်​တို့လို'​တော်​ဝင်​မိသားစု'လို့
အမည်​ရတဲ့ မင်းမျိုးမင်းနွယ်​၊ ရှင်​ဘုရင်​နဲ့ သူ့သားသမီး​တွေကဒီလိုမျိုး အသက်​တိုတတ်​ကြတာ

ရှေးသမိုင်း​တွေထဲမှာ အများအပြားရှိ​ခဲ့​တာသိ​ပေမယ့်​ ကျွန်​​တော်​အတွက်​​တော့ အနည်းငယ်
စောလွန်းတယ်​ထင်​မိတယ်​။

ဘာဆိုဘာမှ ကြိုတင်ြ​ပင်​ဆင်​ခွင့်​ မရ​တော့တာ
ထက်​ သား​တော်​​လေးနဲ့ လူ့​လောကထဲ​ရောက်​မ
လာ​သေးတဲ့ မိဖုရားဝမ်းထဲက က​လေးငယ်​​လေး
ကို နှုတ်​ဆက်​ခွင့်​​လေး​တောင်​ မရတာ​တော့က
အဆိုးအဝါးဆုံး ရိုက်​ချက်​ပါပဲ။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now