မနက်ခင်း နေရောင်ခြည်နွေးနွေးက
ပြတင်းတံခါးဆီ တိုးဖောက်ဝင်ရောက်လာချိန်မှာတော့ ကျွန်တော့မျက်လုံးတွေပွင့်လာခဲ့တယ်၊၊ပုံမှန်နိုးနေကျအချိန်ကိုသိတဲ့ စိတ်ရဲ့ခိုင်းစေချက်ကြောင့် အလိုလိုပွင့်လာတဲ့ မျက်လုံးတွေက
တော့ ခိုင်းစေစရာ မလိုဘဲ သူ့မျက်လွှာမှာ စွဲမြဲ
နေတဲ့ အသည်းအသက်လေးဆီကိုပဲ အရင်
ကြည့်တယ်...............။ကျွန်တော်ရင်ခွင်ထဲမှာ ခေါင်းလေးတိုးလို့ အိပ်ပျေ၊ာ်နေတဲ့ အသည်းအသက်လေးရဲ့ အိစက်စက် ကိုယ်လုံးနွေးနွေးလေးက တနေ့တာအတွက် လိုအပ်တဲ့ အားအင်ကို ပြည့်ဝအောင် စွမ်းဆောင်ပေးနိုင်တယ်လေ.........။
ကိုယ်လုံးနွေးနွေးလေးကို ဖက်ရင်း အချိန်အတော်ကြာ ကြည့်ပြီးချိန်မှာတော့ ခန္ဓာကိုယ်တခု
လုံးက လိုချင်မူနဲ့ ပူလောင်လာပြန်တယ်။အိပ်ပျော်နေတဲ့ ကောင်လေးက ဘာမှမသိပေမယ့် တစိမ့်စိမ့်ကြည့်နေမိတဲ့ ကိုယ်မှာတော့
ချစ်စဖွယ်မျက်နှာလေးနဲ့ ကိုယ်လုံးနွေးနွေးကို
ချစ်စိတ်နဲ့ ပြစ်မှားမိတော့ မနေနိုင်တဲ့အဆုံး
နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ရှင်လေးမသိခင်
ဖွဖွလေး နမ်းရိုက်မိတယ်။ဖွဖွလေး နမ်းရိုက်တယ်ဆိုပေမယ့် ကိုယ်ပဲ အားပါသွားလို့လားမသိ မှေးမှိတ်ထားရာ မျက်ဝန်း
လှလှလေးတွေက မျက်တောင်လေး တဖြတ်ဖြတ်ခပ်ရင်း ပွင့်အာလာတယ်။ချစ်နေမိတဲ့ ချစ်စိတ်ကလည်း အခက်သားနော်
ချစ်ရသူရဲ့ ဘယ်လိုအပြုအမူလေးကမဆို
ကိုယ့်မျက်လုံးထဲတော့ ချစ်မြတ်နိုးဖွယ်ကောင်းတယ်လိုပဲ ခံစားရတယ်။"ကော........။"
"အင်း နိုးသွားတာလား.........။"
"ဟုတ် ကောရော နိုးနေတာကြာပြီလား.....။"
"မကြာသေးပါဘူး........။"
YOU ARE READING
တော်ဝင်သည်...သို့သော်ငြားလည်း
Historical Fiction"မြောက်လေတိုက်လှပြီ... သခင်ကိုလည်း လွမ်းလှပြီ။ နန်းတော်စွန်း နေညိုရီ... သခင်အနမ်းတွေ လွမ်းလှပြီ။ ရွှေသလွန်ထက်က မြကတ္တီပါ... သခင်ရင်ငွေ့ မမှီနိုင်ပါ။ ညတွင် ပိုမိုလွမ်းမိ... သခင်ထံ ပုံအပ်ချင်မိ။ မှေးစက် မပျော်နိုင်တာ...