၅၁။ မ​ဝေး​တော့တဲ့ မနက်​ဖြန်

1K 93 38
                                    


ရှောင်းကျန့်​ကို စုန့်​နယ်​စပ်​မြို့ငယ်​​လေးမှာ ရှာ
တွေ့ပြီဆိုတဲ့ သတင်းက ကျွန်​​တော်​ဟွိုက်​ခွမ်းအတွက်​​တော့ ဝမ်းသာစရာသတင်းထက်​ ပိုပါတယ်​။
ရှောင်းကျန့်​အတွက်​ မစိုးရိမ်​ရ​တော့တဲ့အပြင်
ဝမ်​မင်းသားငယ်​​လေးနဲ့ ​ရှောင်းမိသားစုကို ကယ်
တင်​ဖို့က ​ရှောင်းကျန့်​ရှိမှကို ဖြစ်​မှာ။

ဒဏ်​ရာ​တွေနဲ့ ​ရှောင်းကျန့်​ကို အခုလျှို့ဝှက်​ပို့ထား
ရတာက စုန့်တိုင်းပြည်မင်းကြီးရဲ့ ​ယောက်​ဖ​တော်​ဖြစ်​​နေသူ တလီတိုင်းပြည်​ရဲ့မင်းသားနှစ်
လီဟွားချန်​ဆီမှာ။

ဝမ်​မင်းသားငယ်​ရဲ့ အကို​တော်​​တွေထဲမှာ​တော့
မင်းသားနှစ်​က သူ့ညီ​တော်​ဝမ်​မင်းသားငယ်​ကို
ညီအကိုအရင်းချာကဲ့သို့ ချစ်​ပုံရတယ်​၊ ဒါ​ကြောင့်
လည်း အခုရူပ်​​ထွေး​နေတဲ့ အ​ခြေအ​နေ​ကို သူုလည်း ပူး​ပေါင်းကူညီ​ပေးပါရ​စေဆိုပြီး သူ့ဘက်​ကပဲ စတင်​ဆက်​သွယ်​ထား​လေ​တော့ အခုလို
ရှောင်းကျန့်​ကို မင်းကြီးလီမင်​​ဖေးလက်​က လွတ်​​အောင်​ ထားနိုင်​တဲ့အပြင်​ ​ရှေ့ဆက်​လုပ်​ကိုင်
ရမယ့်​ အစီအစဉ်​​တွေကိုလည်း ​သေချာစီစဉ်​ ​ဆွေး​နွေးနိုင်​တာ​ပေါ့။

နန်းတွင်းတခုလုံးက အမတ်​​တွေက သူ့နည်းသူ့
ဟန်​​တွေနဲ့
အခုလက်​ရှိ​နန်းတွင်းအ​ရေး​တွေရဲ့ အရူပ်​​တော်​ပုံကို သူ့ထက်​ငါဦး​အောင်​ စုံစမ်း​နေကြခြင်း​ကြောင့်​ သတင်းအစစ်​သာမက သတင်းအတုလုပ်
ရောင်းသူ​တွေ​ကြောင့်
ကျွန်​​တော်​တို့အတွက်​ သတင်းနဲ့ သက်​​သေစုရတာ ခက်​ခဲမယ်​ထင်​ခဲ့​ပေမယ့်​ အချို့​သောသတင်း​တွေက ပိုမိုလွယ်​ကူခဲ့လို့ မိုးနတ်​မင်းကို ​ကျေးဇူးတင်​ရတယ်​။

ဒီရက်​ နန်း​တော်​ထဲက အတွင်းသတင်း​တွေအရ
အခုလက်​ရှိမင်းကြီးလီမင်​​ဖေးနဲ့ သူ့မယ်​​တော်​တို့
အကြီးအကျယ်​ သ​ဘောထားကွဲလွဲ​နေကြတယ်
ဆိုတာ သိရတယ်​။
ပြီးခဲ့တဲ့တပတ်​က အရင်​မင်းကြီးလီစစ်​​ဖေးလုပ်​ကြံမူမှာ မတရားလုပ်ကြံ​စွပ်​စွဲခံထားရတဲ့ ​ရှောင်း
မိသားစုကို ကွပ်​မျက်​မိန့်​ချခဲ့​ပေမယ့်​ ​ရှောင်းမိသားစုရဲ့ ကွပ်​မျက်​မိန့်​ကို ​နောက်​​ရွေ့ခဲ့ပြီး အမူ
ကို ပြန်​လည်​ကြားနာမယ်​ဆိုတဲ့ မင်းကြီးလီမင်​​ဖေးဟာ အခြားတဖက်​မှာ ဘာ​တွေများ ထပ်​မံကြံ
စည်​​နေမလဲလို့် ကျွန်​​တော်​တို့ ​တွေးပူရပြန်​တယ်​။

တော်​ဝင်​သည်​...သို့​သော်​ငြားလည်းWhere stories live. Discover now