Chapter(3)

11.2K 1.8K 81
                                    

Unicode

*******

Cup O'
Coffee Shop

တိမ်မင်းက သံလွင်သီးအပင်လေးများဖြင့်အလှဆင် စိုက်ပျိူးကာ Decorate လုပ်ထားသော ဆိုင်လေးရှေ့မှာ ကားကိုစက်သပ်ပြီး ရပ်လိုက်ပါသည်။

ခါတိုင်းဆို တိမ်မင်းအကျင့်အရ စောင့်နေရတာမျိူးမကြိုက်ပေမယ့် ဒီနေ့တော့စိတ်လိုလက်ရစောစော ထွက်လာခဲ့လိုက်သည်။

သားအမိနှစ်ဦးထဲရှိသည့်အိမ်မှာ မေမေက ရေနံချောင်း သွားလိုက်တော့ အိမ်မှာက တိမ်မင်းတယောက်ထဲကျန်သည်။ဒီနေ့အဖို့ အတန်းဝင်စရာအချိန်ကအများကြီးမရှိတော့ တိမ်မင်းမှာ အချိန်တွေပိုနေပါသည်။

ပိုနေတဲ့အချိန်တွေလည်း ဖြုန်းပြီးသားဖြစ်၊တွေ့စရာရှိတဲ့လူလည်းတွေ့ရ တချက်ခုတ်နှစ်ချက်ပြတ် ဆိုပြီး ဂီးဂီ ကိုချိန်းလိုက်တဲ့ ဒီဆိုင်လေးကို ထ လာခဲ့လိုက်တာဖြစ်သည်။

တိမ်မင်းက ရင်းနှီးမှုနှင့် ဂီးဂီ လို့ ခေါ်တဲ့ အနည်းငယ်နာမည် ရနေပြီ ဖြစ်တဲ့ မော်ဒယ် သိင်္ဂီမေ က တိမ်မင်းနှင့် ချစ်သူမကျ မိတ်ဆွေမက အီစကလီလို့ဆိုရမည့် အဆင့်မှာ ရပ်တည်နေသူဖြစ်ပါသည်။

တကယ်တမ်း မပြတ်မသားဖြစ်နေတာက တိမ်မင်းဖက်ကရယ်ပါ။ဂီးဂီ ဖက်ကတော့ ရာခိုင်နှုန်းပြည့် သေချာနေသည့်ပုံစံဖြင့် တနေ့ကျရင်ဆိုတဲ့အတွေးနဲ့ တိမ်မင်း ဇီဇာကြောင်သမျှကို သည်းခံရင်း ဆက်ဆံရေးကောင်းတခု ဖန်တီးထားနိုင်သူဖြစ်ပါသည်။

အိမ်က တိမ်မင်းရဲ့မွေးသမိခင် ဒေါ်ခင်မင်းသွယ် ကတော့ ဘာမှသိပ်မပြောပေမယ့် သိပ်တော့လည်း စိတ်တိုင်းကျလှချေရဲ့ ဟုတ်ပုံမရပါ။

သားဖြစ်သူ၏အရိပ်အကဲကို ကြည့်နေပုံဖြင့်

"ဂီးဂီ က နည်းနည်း သားကြိုက်တဲ့ပုံစံမျိူး မဟုတ်ဘူးလားလို့ တိမ်ရယ် "

တခွန်းသာဆိုပါသည်။မေမေ့စကားကို တိမ်မင်းက သဘောတကျ "ကျနော် ကြိုက်တဲ့စတိုင်လ် က ဘာလဲ မေမေရဲ့" ဟုရယ်ပွဲဖွဲ့ပြီးမေးလေတော့

"တိမ်က မေမေ့သားဆိုပေမယ့် မေမေ့ကိုမတူဘူးလေ၊စိတ်တိုလွယ်တယ်၊အားမနာတတ်ဘူး ပြီးတော့ သည်းခံခြင်းတရားနည်းပါးတယ်။ စိတ်ကောင်းလေးတော့ရှိပါရဲ့ ဒါပေမယ့်လည်း တဖက်သားကို ကိုယ့်စိတ်အမှန် သိအောင် ဖွင့်မပြတတ်ဘူး "

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now