Chapter(10)

9.9K 1.7K 52
                                    


______________

Unicode

*****

"ဒေါ်စိန် ဒီတစ်ချိုင့်က ဝက်သားနဲ့မျှစ်နော်။ ရောက်ရောက်ချင်း မြေးတွေကို ချကျွေးလိုက်၊ဒီဖက်က ဘာလချောင်ကိုမန်ကျည်းမှည့်လေးနဲ့ကျော်ထားတာကသိမ်းထားပြီးနောက်မှစားလို့ရတယ် သိလား၊ရော့...ဒါကဒေါ်စိန်ချွေးခံအကျီထဲလိပ်ထည့်သွား...လှူချင်တာလှူရအောင်  "

ထမင်းစားခန်းထဲကို လှမ်းဝင်မည်အပြင်မှာ ကြားလိုက်ရသော အသံတိုးကျိတ်ကျိတ်ကြောင့် တိမ်မင်းစိတ်ထဲ လုပ်ပြန်ပြီဆိုပြီး တွေးမိသည်။

ဒီတစ်ဦးတည်းသော မွေးသမိခင်ကို တိမ်မင်းဘယ်လိုနားချမှ ရမည်လည်း မသိတော့ပါချေ။

ပင်ကိုယ်က စိတ်ကောင်းနှလုံးကောင်းရှိသော မေမေဟာ....အဲ....ဒီလိုပြောလို့ တိမ်မင်းကပဲ စိတ်ထားမကောင်းတဲ့ လူယုတ်မာကြီးလိုလို......ဘယ်လိုလူမျိုးကိုပဲ ဖြစ်ပစေ ပေးလိုက်ရ ကျွေးလိုက်ရ ဝေသန္တာရာ အင်မတန်လုပ်ချင်သူတည်း။

ပေးတာကျွေးတာကို တိမ်မင်း မကန့်ကွက်လိုပေမယ့် အဆိပ်ပင်ကိုတော့ဖြင့် ရေမလောင်းစေချင်။

ခုလည်းကြည့်....

ဒေါ်စိန်ဆိုတာ တိမ်မင်းတို့အိမ်မှာ ဗာဟီရ အလုပ်တွေ လာကူလုပ်နေသည့် အသက်အရွယ်တော်တော်ရနေတဲ့အဒေါ်ကြီးတစ်ဦး။

ဒေါ်စိန်က သားတစ်ယောက်ရှိသည်မှာ အဲဒီသားဖြစ်သူက အလုပ်မလုပ်ဘဲဆိုးသွမ်းမိုက်မဲတေပေနေသည့်ကြားမှ မိန်းမလုပ်သူကိုအိမ်ပေါ်ခေါ်တင်လာသည်။ကလေးတွေတစ်နှစ်ကိုတစ်ယောက်ထိုင်မွေးပြီး ဒီသက်ကြီးရွယ်အိုအမေကြီးရှာသမျှ ကိုပဲထိုင်စားနေကြတာဖြစ်လေသည်။ကြည့်လေ။
ဘယ်လောက်စေတနာရှိချင်စရာကောင်းလိုက်လဲ။

"ဒေါ်စိန်ကို စေတနာရှိလျှင် ဒေါ်စိန်ကိုသာလျှင်
အဝကျွေးလွတ်လိုက်ပါ၊အိမ်မှာကျန်နေတဲ့ခြေအ
ကောင်းလက်အကောင်း လူပျင်းလူ့ဗာလာနံတွေအတွက် လုံးဝ လုံးဝမထည့်ပေးပါနဲ့ "လို့ တိမ်မင်း ဒီလောက်အကြိမ်ကြိမ်ပြောထားတာကို ဟောဒီက တိမ်မင်းမေမေ ဒေါ်ခင်မင်းသွယ်ကလုံးဝဂရုမစိုက်။မသိအောင် ထိုးကျိတ်ပေးနေကြ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now