Chapter(11)

9.8K 1.7K 104
                                    


______________

Unicode

*******

မှိုင်းတစ်ယောက်ထဲ လက်ထဲက အမျိုးအစားစုံလင်လှသော စာအုပ်တွေကို ပွေ့ပိုက်ကာ ခဏခဏ ငုံ့ကြည့်ရင်း ပျော်နေပါသည်။

ကတ်ထူဖုံးလှလှလေးနဲ့ အရောင်အသွေးစုံသော စာအုပ်တွေကို အန်တီက မှိုင်းကို ဆံပင်ညှပ်ဖို့လာခေါ်ရင်း အပြန်မှာ ဝယ်ပေးခဲ့လိုက်တာ။

မှိုင်းအလိုဆို ဆံပင်ညှပ်တာများ လမ်းထဲက ကိုတိုးကြီးဆံသမှာ စက်ကပ်ကြေးဖြင့် ထိုးလိုက်ရင် ပြီးနေသည်ပဲ။ပေးရလှမှ တစ်ထောင်ပေါ့။ခုတော့ အန်တီခေါ်သွားသည့်ဆိုင်က ဘာမှန်းမသိအောင်အမျိုးမျိုးအစားစားအရည်တွေထည့်ပြီးအရင်ဆုံးခေါင်းလျှော်ပေးသည်။ပြီးတော့ မှိုင်းခေါင်းကို ဝိုင်းနှိပ်ကြပါလေရော။မနေတတ်လို့ မှိုင်း တွန့်လိမ်မိတော့ဆိုင်ကလူတွေက ရယ်ချင်တာလို မှိုင်းကို ပြုံးစိစိနဲ့ ကြည့်ကြသည်။

တကယ့်တကယ်ဆံပင်ညှပ်တော့ အဖျားလေးတွေသာ တိသွားသည်ဆိုယုံမို့ မှိုင်းစိတ်အရဆို အားမရပါ။

ပိုက်ဆံတွေအများကြီးပေးရပြီး ညှပ်မှတော့တိုနေအောင်စက်ထိုးလိုက်ပြီးတာပဲကို။အန်တီ့ ပိုက်ဆံတွေကုန်တာမြင်ရပြန်တော့လည်း မှိုင်းအားနာမိပြန်သည်။

အန်တီကတော့ပြောရှာပါသည် "မှိုင်း အန်တီကိုအားနာရင် စာကြိုးစားရမယ်၊လိမ္မာနေရင် ရပြီ "တဲ့။

မှိုင်းခေါင်းတွေပုတ်သင်ညို ရှုံးမတတ် တဆတ်ဆတ်ညိတ်ကာ ကတိပေးတော့ အန်တီက သဘောကျသလိုခပ်ဖွဖွ ပြုံးလေသည်။

ပြောရရင် အန်တီက ဖြူနွဲ့နွဲ့ပုသေးသေးလူပုံလေးနဲ့လိုက်အောင် နူးညံ့ငြင်သာအေးဆေးသူဟုသာ သုံးလေးခေါက်တွေ့အပြီးမှာတော့ မှိုင်းတယောက်ထဲ မှတ်ချက်ချထားလိုက်ပါသည်။ပုံစံလေးက ကြမ်းကြမ်းလေး တွန်းတိုက်လိုက်ဖို့မဆိုထားနဲ့ လေမှုတ်လိုက်တာနဲ့ပင်လွင့်သွားနိုင်သည့် လဲမှို့ပွင့်လေးလိုပဲ အန်တီက။

အန်တီ့သားက တက္ကသိုလ်မှာ ဆရာဆိုတဲ့အကြောင်း မှိုင်း စိတ်ဝင်တစားမေးမိတော့ အန်တီက သေချာရှင်းပြရှာသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now