Chapter(33)

8.8K 1.7K 140
                                    


Unicode

******

"ဘာဖြစ်တာလဲ "

စိုးရိမ်စိတ်ဖြင့် အခန်းထဲအပြေးဝင်လာမိသည့် တိမ်မင်းအသံက ဟိန်းခနဲ ထွက်လာသည်။

အခန်းတွင်းမှာတော့ ကြမ်းပေါ်မှာ ဖရိုဖရဲကျနေသည့် ဖန်ကွဲစများနဲ့ ဘာမှန်းမသိသည့်ညိုညစ်ညစ်အရာတွေကပြန့်ကျဲကာနေ၏။သိင်္ဂီမေကရပ်နေရာမှ ဖန်ကွဲစတွေကို ရှောင်ပြီး တိမ်မင်းဆီကို အပြေး လှမ်းလာလေသည်။

မှိုင်းကတော့ ဘာလုပ်ရမှန်းမသိတဲ့မျက်နှာဖြင့် ကုတင်ဘေးနားရပ်နေရင်းသာ တိမ်မင်းအော်လိုက်တာကို မျက်လုံးအဝိုင်းသားဖြင့် တုံ့ပြန်နိုင်သည်။

"တိမ်...ရောက်လာပြီလား၊ဒီ့ထက်နည်းနည်းကြာနေရင်ဂီးဂီတောင် ပြန်တော့မလို့ စိတ်ကူးနေတာ "

"ဘာဖြစ်တာလဲလို့...ငါ မေးနေတယ်လေ "

မေးသည့်မေးခွန်းကို မဖြေဘဲ မျက်နှာလေးကိုလှပစွာရှုံ့မဲ့ကာ စကားဆိုသည့် သိင်္ဂီမေကို တိမ်မင်းစိတ်မရှည်စွာ အော်ဟစ်မိတော့ မမျှော်လင့်ထားဟန်ဖြင့် လန့်ကာ ကိုယ်လေးပင်တုန်ကာသွားသည်။

တိမ်မင်းမှာတော့ အသံနှင့်အတူလူကတပြိုင်တည်းကြမ်းပြင်က ဖန်ကွဲတွေကို မထိအောင်ကျော်ရင်းမှိုင်းအနားကို လွှားခနဲ အရောက်သွားကာ ကြောင်အအရပ်နေဆဲ ကောင်လေးမျက်နှာကို သေသေချာချာ ငုံ့ပြီးအကဲခတ်ကြည့်သည်။

အနည်းငယ်ငိုထားသယောင်မျက်ခွံတွေမို့၊မျက်
ခမ်းတွေနီရဲကာနေသည်ကိုဖြူသောအသားမှာမို့ထင်းကာမြင်ရ၏။

"တိမ်ရယ်...စိတ်ထိန်းပါ၊ဘာဖြစ်တာလဲ မှိုင်းရေ..
ဒါကရော ဘာတွေလဲ၊ခုနက ကြားလိုက်ရတာကရော
ဘာအသံတွေလဲ "

"ဟို...မှိုင်းလက်..လက်က ပန်းကန်လွတ်ကျသွားတာ အန်တီ၊အမေယူလာပေး...ပေးလာတဲ့..ဟင်း..."

အမေ!

ဒီကောင်လေးရဲ့အမေလာသွားတာလား ဒါဆို။

"တိမ်...ခုနက အသံက ဂီးဂီလန့်ပြီးအော်လိုက်မိတာပါ။ဖန်ကွဲတွေကြားထဲသူက ရှေ့တိုးလာတော့ နင်းမိမှာစိုးပြီး.."

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now