Chapter(22)

9.2K 1.7K 158
                                    


_________

Unicode

******

ကျောင်း ရီပို့ကဒ်ပေါ်မှာ လက်မှတ်ထိုးပေးနေသော အန်တီရှေ့မှာ မှိုင်းက သက်ပြင်းခိုးချကာ ငြိမ်ငြိမ်လေးရပ်နေမိသည်။ဒီတစ်လအတွက် အမှတ်တွေ အများကြီး ထိုးကျသွားတာ မှိုင်းကိုယ်မှိုင်း သိသားပဲ။

ဆူခံရတော့မယ်ထင်တယ်..။

ထိုအချိန် ဒေါ်ခင်မင်းသွယ် က တပ်ထားသည့်စာကြည့်မျက်မှန်ကို ချွတ်လိုက်ရင်း ရီပို့ကဒ် ကို မှိုင်းဆီပြန်ပေးကာ ထိုင်ရန် အချက်ပြသည်။

အန်တီရှေ့က ဆိုဖာပေါ်မှာ အသာဝင်ထိုင်ရင်း မှိုင်းက ခပ်ကုပ်ကုပ်လေး။တိမ်မင်းကတော့ သူနှင့်မဆိုင်သလို ဟိုတဖက်ခြမ်းက ဆိုဖာပေါ်မှာထိုင်ရင်း တီဗွီ ထိုင်ကြည့်နေ၏။

"ဒီလအတွက် မှိုင်း အဆင့်တွေကျသွားတယ်၊ဘာဖြစ်လို့လဲ တီချယ်နဲ့သင်ရတာ အဆင်မပြေဘူးလား ဒါမှမဟုတ် ကျောင်းမှာ ဘာအခက်အခဲတွေ ရှိသလဲ "

ဒေါ်ခင်မင်းသွယ် က သိချင်နေသလို ခပ်ဖြေးဖြေးမေးသည်။မှိုင်းကသာ....။ဘာပြန်ဖြေရမှာပါလိမ့်။တီချယ်နဲ့သင်ရတာ မှိုင်းအတွက် အဆင်ပြေပါသည်။ကျောင်းမှာလည်း မှိုင်းက ကိုယ်အခံနဲ့ကိုယ်မို့ အပေါင်းအသင်းသိပ်မရှိပေမယ့် အရမ်းဆိုးတဲ့အခြေအနေမျိုးတော့ဖြင့်လည်း မဟုတ်ပါ။

ဒါပေမယ့်လည်း....

တီချယ်က English ကို Text book ကိုင်ကာသင်တာတော့ မှိုင်းက အတန်အသင့် မှေးပြီးလိုက်နိုင်နေပေမယ့် Grammar ပိုင်းကျတော့ ချာတူးလန်ပြီ။ကျောင်းကကောင်တွေဆိုတာလည်းငယ်ကတည်း
က နွေရာသီသင်တန်းတွေမှာ အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင် အကျွမ်းတဝင်ရှိပြီးသားတွေမို့ တနာရီစာအချိန်လေးမှာ ဆရာရှင်းပြတာ လိုက်နိုင်သိနေနိုင်ကြပေမယ့် မှိုင်းကတော့ မတူ။

ဆရာပြောသွားတာတွေထဲမှာ မှိုင်းနားမလည်တာတွေကခပ်များများ။Grammar မရမှတော့ Essay ဆိုတာဆိုရင်တော့ဖြင့် ဝေလာဝေး။အင်္ဂလိပ်စာ အချိန်တွေဆို အလူးလူးအလိမ့်လိမ့်ဖြတ်ကျော်နေရတဲ့ မှိုင်းက ဘေးနားမှာထိုင်နေတဲ့ ကိုကိုကြီးတိမ်မင်းရှေ့ အင်္ဂလိပ်စာမလိုက်နိုင်ဘူးလို့ ဘယ်လိုမျက်နှာမျိုးဖြင့် ပြောထွက်ရပါ့။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now