Chapter(47)

9.2K 1.6K 183
                                    


Unicode

******

လွန်ခဲ့သည့် ငါးနာရီခန့်က။

ဟိုမေးဒီမေးဖြင့်လမ်းသွယ်လေးထဲကိုဝင်လာခဲ့သည်။အခြေခံလူတန်းစားတွေနေထိုင်သည့်ရပ်ကွက်လေးဖြစ်သည့်အပြင်တဖက်ပိတ်လမ်းလေးလည်းဖြစ်တာမို့ရှားရှားပါးပါးဝင်လာသည့်တိမ်မင်းကားက အတန်အသင့်တော့ လူတွေအာရုံစိုက်မှုကို ခံရသည်သာပင်။

ကားကိုဘီးတလှိမ့်ခြင်းမောင်းကာလာရင်း မိုးတွင်းတတွင်းလုံးဗွက်အိုင်ဖြစ်ခဲ့ဟန်တူသော လမ်းမလယ်ကချိူင့်ခွက်ကြီးကိုကြည့်ပြီးတိမ်မင်းစိတ်ညစ်သွားမိသည်။ဆက်မောင်းရန်မဖြစ်နိုင်တော့တာမို့ ဒီနေရာလေးမှာပဲကားရပ်ပြီးလမ်းဆက်လျှောက်ဖို့စိတ်ကူးရသည်။

ဖုန်တွေတသောသောထနေသောလမ်းလေးပေါ်ခြေချလိုက်ရင်းကိုယ့်ခြေထောက်ကိုယ်ငုံ့ကြည့်ကာတိမ်မင်းစိတ်ပျက်လက်ပျက်ရယ်မိလေ၏။မလုပ်ဘူးတာတွေအကုန်လုပ်နေတော့တာပါပဲလား။

တိမ်မင်းကို မြင်သွားသည့်အချိန် ရုတ်တရက်အံ့သြဝမ်းသာသွားမည့် ကြည်လင်သောမျက်လုံးဝိုင်းလေးတွေကိုပဲဦးတည်စိတ်ကူးကာတိမ်မင်းခြေလှမ်းတွေဒီအထိရောက်ခဲ့ရတာပင်။တစ်ခါမှမလုပ်ဘူးတာတွေလုပ်ပြီးပြောင်းလဲလာသည့်စိတ်အခြေအနေကိုတော့ တိမ်မင်းခုချိန်ထိမျက်ကွယ်ပြုထားဆဲ။

"ဟိုး မြင်နေရတဲ့ သံဆန်ကာတပ်ထားတဲ့အိမ်ပဲဗျ "

လမ်းသွယ်ထိပ်နားလေးက ဆံပင်ညှပ်ဆိုင်မှဆံသဆရာက လိုလိုချင်ချင်လိုက်ပြပြီးပြန်သွားခဲ့ပြီ။"မှိုင်း စက်ဘီးပါတယ်ခင်ဗျ ရှေ့ကနေလမ်းပြပေးပါမယ်"လို့ပြောခဲ့တဲ့ဖြူဖြူစင်စင်ပြုံးတတ်သည့်မျက်နှာချိုချိုကောင်လေးကိုတွေးမိတော့မှုန်ကုပ်ကုပ်တိမ်မင်းမျက်နှာမှာရှားရှားပါးပါးအပြုံးတစ်ပွင့်ကပေါ်လာခဲ့သည်။

ပုံမှန်ဆိုနာမည်ခေါ်ကာအသံလှမ်းပြုရမှာဖြစ်ပေမယ့်ကိုယ့်အတွေးနှင့်ကိုယ်တိမ်မင်းကအိမ်ထဲမှစကားပြောသံတိုးတိုးကိုကြားလိုက်ရချိန်မှာတော့ခပ်ကုပ်ကုပ်အိမ်လေးရဲ့လှေခါးထစ်လေးကို ခြေလှမ်းကာပဲတက်မိနေခဲ့ပြီး ပြီ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now