Chapter(41)

8.3K 1.6K 68
                                    

Unicode

*****

မြင့်မားသည့်အရပ်ဖြင့် ဆိုင်ထဲကို တလွှားလွှားဝင်
ချလာသောတိမ်မင်းကို အမြင်မှာ ကိုမော်က ဝမ်းသာအားရနှုတ်ဆက်သည်။ကိုမော်ရဲ့ ဆိုင်က တိမ်မင်းအမြဲလာနေကြဆိုင်ဖြစ်၏။ကိုမော်က ပင်မစီးပွားရေးမှာ Car sale & Service Center ဖွင့်ထားပေမယ့် ပလာဇာတွေမှာ Men's Wear ဆိုင်တွေ သုံးလေးဆိုင်ဖွင့်ထားပြီး လှည့်ပတ်ထိုင်ကာ လူငယ်တွေနဲ့ပေါင်း၊တရုံးရုံးနေတတ်သူလည်းဖြစ်သည်။

တိမ်မင်းက ကိုမော့်ဝပ်ရှော့မှာ ကားထိုးရင်းနဲ့ရင်းနှီးလာတာဆိုပေမယ့် နောက်ပိုင်း အကျီ၊ဘောင်းဘီ၊ခါးပတ်၊ရေမွှေးအဆံုးလိုတဲ့တစ်ကိုယ်ရည်တိုတိုထွာထွာတွေကအစ ဒီမှာပဲအမြဲဝယ်ယူအားပေးလေ့ရှိသည်။တိမ်မင်းရဲ့ဆိုရှယ်ကကောင်းလှချေရဲ့မဟုတ်ပေမယ့် ကိုမော်က တိမ်မင်းအကြိုက်ကိုသည်းခံလိုက်လျောပြီးပေါင်းတတ်သူမို့ တိမ်မင်းနဲ့ဆိုတော်တော်ရင်းနှီးနေသူတစ်ဦးလည်းဖြစ်ပါသည်။

"ဟာ တိမ်မင်းရာ ငါ့ညီ ပျောက်လှချေလားကွာ ဆိုင်မလာတာ ကြာပြီထင်တယ် "

လက်တဖက်လှမ်းပေးကာ နှုတ်ဆက်တဲ့ ကိုမော်ရဲ့ လက်ကို ပြန်ရိုက်ကာနှုတ်ဆက်လိုက်ရင်း တိမ်မင်းက လာရင်းကိစ္စကိုသာ အရင်ပြောသည်။

"ဒီလိုပဲ အိမ်ကကောင်လေး နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတယ်လေ ကျောင်းနဲ့ဆေးရုံ လုံးဝကိုမအားတာဒီကို မရောက်ဖြစ်တာ အတော်ကြာသွားတာကြည့် "

တိမ်မင်းစကားကြောင့် ခုမှပဲ တိမ်မင်းနောက်မှာရပ်နေတဲ့ မှိုင်းကို ကိုမော် မြင်မိသည်။

"အိမ်ကကောင်လေးဆိုတာက..."

ကိုမော်ရဲ့ စိတ်ဝင်တစားအမေးစကားကို မကြားယောင်ပြုကာ တိမ်မင်းက မှိုင်းဖက်ကို လက်လှမ်းပြရင်း

"သူ့အတွက် အဆင်ပြေမယ့် အဝတ်အစားတွေ လုပ်ပါဦး၊ခုခေတ် လူငယ်လေးတွေ ဝတ်နေကြတဲ့ ပုံစံမျိုးပေါ့ "

သူမဖြေချင်သည့်မေးခွန်းကိုဆိုရင် အစတောင်ပြန်ပြီးအရေးမလုပ်တတ်သည့် တိမ်မင်းအကျင့်ကို သိနှင့်ပြီးသားကိုမော်က ဈေးသည်ပီသစွာပဲ ဆက်မမေးတော့ပဲ အူကြောင်ကျားလေးရပ်နေတဲ့ မှိုင်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now