Chapter(54)

7.6K 1.4K 140
                                    

Unicode

*******

"တကယ်တော့ ခင်မင်းဘဝကသနားစရာပါလေ။အများအမြင်မှာတော့ တစ်ဦးတည်းသော သမီးလေး၊အဖေလုပ်သူကလည်းချစ်လိုက်တာငုံထားမတတ်၊ဥစ္စာပစ္စည်းကလည်းဆယ်သက်စားမကုန်အောင်ကြွယ်ဝချမ်းသာသူပေါ့လေ။လူတွေအမြင်ရဲ့ဟိုတဖက်ကခင်မင်းဘဝကတော့စိတ်ဆင်းရဲစရာတွေနဲ့ပြည့်နှက်နေခဲ့တာ။သူ့ဘဝမှာပျော်ရွှင်ခဲ့ရတာဆိုလို့ တိမ် မွေးလာတဲ့အချိန်ပဲရှိတယ်"

ဒေါ်စိန်ပွင့်မျက်နှာက စိတ်ဆင်းရဲမှုတို့ဖြင့်မှိုင်းရီရီ။မျက်ဝန်းထောင့်မှာစို့လာသောမျက်ရည်စတချို့ကိုအသာအယာတို့သုတ်ရင်းစကားကိုဆက်သည်။

"ခင်မင်းအမေမမြသွယ်က ခင်မင်းသုံးနှစ်သမီးမှာ ခင်မင်းအဖေရဲ့ရေနံတွင်းကအလုပ်သမားတစ်ယောက်နဲ့ထွက်ပြေးသွားခဲ့တယ်။ပျော်စရာကောင်းတဲ့ခင်မင်းသွယ်ရဲ့ငယ်ဘဝဟာလည်းအဲဒီအချိန်ကပဲနိဋ္ဌိတံတော့တာပဲ။ထွက်ပြေးသွားတဲ့မမြသွယ်ကိုနောက်တစ်ပါတ်လောက်မှာကားအက်ဆီးဒန့်နဲ့ဆုံးတယ်ဆိုတာကြားရတယ်။အလောင်းတောင်ပြန်မရပါဘူး။

ဒီကတည်းက အဖေတစ်ခုသမီးတစ်ခုဘဝနဲ့ခင်မင်းဟာ သူ့အဘရဲ့ အုပ်ချုပ်မှုအောက်မှာတင်းကျပ်စွာရှင်သန်ခဲ့ရတာပေါ့။ခင်မင်းအဘက ခင်မင်းကိုသူမတူအောင်ချစ်တယ်။ဒါပေမယ့် သူ့အချစ်ကိုထုတ်မပြဘူး။အလိုလိုက်ရင်အမိုက်စော်ကားလိမ့်မယ်ဆိုတာကခင်မင်းအဘရဲ့အတွေး။ဒီလိုနဲ့ပဲ အမှားလုပ်လိုက်၊အပြစ်ပေးခံလိုက်နဲ့ပဲတဖြည်းဖြည်းခင်မင်းအရွယ်ရောက်လာခဲ့တယ်။

ခင်မင်းအဘ သတိလွတ်သွားခဲ့တာက ခင်မင်းအရွယ်ရောက်လာတာကိုပဲ။ခင်မင်းဟာလည်းသွေးသားနဲ့လူသားတစ်ဦးဆိုတာပဲ။ပြောပြရရင်ခင်မင်းအဘဦးမင်းဒင်ရဲ့ရေနံတွင်းထဲမှာအလုပ်ပေးထားတဲ့အလုပ်သမားတွေထောင်ချီပြီးရှိကြတယ်။အဲဒီအလုပ်သမားတွေထဲကကိုဖိုးခင်ရဲ့သားမောင်ဘကောင်းဆိုတာရှိတယ်။ပြောရရင်ကိုဖိုးခင်ကဦးမင်းဒင်ရဲ့လူယုံလို့ဆိုလည်းရတယ်။

ခင်မင်းအဖေဦးမင်းဒင်ကစည်းကမ်းတင်းကျပ်ပေမယ့်တဖက်မှာလည်းလက်အောက်ငယ်သားတွေအပေါ်မှာတော့ငဲ့ညှာစောင်မတတ်တဲ့သူမျိုး။ပညာရေးမှာထူးချွန်တဲ့မောင်ဘကောင်းကိုလည်းသူပဲကျောင်းထားပေးခဲ့တာပဲ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now