Chapter (15)

9.6K 1.7K 121
                                    

Unicode

*****

စကားတစ်လုံးမှ မပြောဘဲ တိတ်ဆိတ်စွာ ကားမောင်းနေသည့် တိမ်မင်းကို အနောက်ကနေ ခိုးကြည့်နေသည့်ကောင်လေးဟာ ကားထဲမှာ နှစ်ယောက်ထဲ ရှိနေရတာကို အနေရကျပ်ဟန် ဖြင့် ဂနာမငြိမ်ဖြစ်နေပါသည်။

ပထမမေမေပြောတော့ သူငြင်းလိုက်ဖို့ စိတ်ကူးမိသည်။သို့သော် မေမေနဲ့အတူတူသွားတာထက်စာရင် သူနဲ့ဆိုတော်လိမ့်ဦးမည်တွေးမိလိုက်ကာ ခေါ်တင်လာခဲ့ရပေမယ့်လည်း ထိုကလေးကိုဘာစကားမျှ ခွန်းတုံ့ပြန် မပြောချင်တာ တိမ်မင်းရဲ့ စိတ်အမှန်ဖြစ်သည်။

ပြီးတော့ အဆင်ပြေပြေနေစေချင်တဲ့ မေမေ့ဆန္ဒတွေကိုသိနေရက်သားနဲ့ အလကားနေပြဿနာ
ပဲ ရှာနေရအောင်ကလည်း တိမ်မင်းက ဦးနှောက် မရှိသည့်လူလည်းမဟုတ်။

ဒါပေမယ့် ဘာလို့မှန်း မသိဘဲ ဒီကောင်လေးနဲ့ ဆိုစိတ်ခံစားမှုက အတန်ငယ်ထူးဆန်းနေတာတော့
တိမ်မင်း ကိုယ်ကိုကိုယ်သတိထားမိပါသည်။

"ဘာတွေဝယ်ရမှာတဲ့လဲ "

"ခင်ဗျာ "

ငြိမ်သက်တိတ်ဆိတ်နေသည့် ကားထဲမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ သြရှချို ညက်တဲ့
တိမ်မင်း အသံကြောင့်မှိုင်း လန့်သွားပါသည်။

"မင်းလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နားကို တစ်ခုခုစစ်ဖို့လိုနေပြီ ထင်တယ်၊ဒီလောက်နီးနီးလေး ငါပြောလိုက်တာ မကြားစရာအကြောင်းရှိလို့လား...၊ဘာတွေလိုတာလဲ၊ဘာဝယ်ဖို့မှာလိုက်လဲ မေမေက "

"ဟို...ကျောင်းဝတ်စုံရယ် စာ..စာအုပ်နဲ့ဘောပင်တချို့ရယ်၊ပြီး..ပြီးတော့ ဟို...ဖိနပ်ရယ်တဲ့ခင်ဗျ "

မှိုင်းက ဖိနပ်ဆိုတဲ့စကားနေရာမှာတော့သူ့ခြေ
ထောက်ကို မသိမသာငုံ့ကြည့်ကာ မျက်လွှာချရင်းပြောလိုက်ပါသည်။ရောက်စနေ့က မှိုင်းဖိနပ်ကို ပြဿနာရှာကာ လွှင့်ပစ်ခိုင်းတဲ့ ကိုကိုကြီး မသိလိုက်ခင် မှိုင်းက အမှိုက်ပုံးထဲမှနေ တိတ်တိတ်လေးသွားပြန်ကောက်ထားမိပါသည်။

ဒါကို...ကိုကိုကြီး သတိမထားမိဘူး ထင်ပါရဲ့။

________

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now