Chapter(18)

10.5K 1.7K 79
                                    

Unicode

*******

"ဒါဆို ဘဘ ညနေမှ ပြန်လာကြိုမယ်နော်...မှိုင်း "

ဘဘဦးစိန်သောင်းက မှိုင်းကို နှုတ်ဆက်ကာ ကားကို ကွေ့ပြီးပြန်မောင်းသွားတာနဲ့ တပြိုင်နက် မှိုင်းတစ်ယောက် လှေကားထစ်တွေကို ခုန်ကျော်ကာ တဒုန်းဒုန်း အပြေးတက်မိသည်။

"အမေ"

တိတ်ဆိတ်နေသော အိမ်လေးပေါ်ရောက်တာနဲ့ တကြော်ကြော်ခေါ်ကာအမေ့ကိုရှာသည်။ဒီအချိန်က အရီးမပုရော၊ဦးလေးရော အလုပ်သွားသည့်အချိန်မို့ အိမ်က တိတ်ဆိတ်နေသည်။

"ဟောတော့.....မှိုင်းလား၊အမေ....ဒီမှာ "

အိမ်အနောက်ဖေးအဖီဘက်မှ အမေက အသံပြုသည်။

အမိုးနိမ့်နိမ့်မီးဖိုချောင်လေးထဲက ခုံဝိုင်းလေးမှာ ချွေးတလုံးလုံးဖြင့် ချက်ပြုတ်နေသည့် အမေက ကြားလိုက်ရတဲ့အသံထက် လူက မြန်နေကာ ခွန်းတုံ့ပြန်ဆဲခဏမှာပဲ အနောက်ဖက်ကို လှစ်ခနဲရောက်လာသည့် သားဖြစ်သူကို ရုတ်တရက်အမြင်မှာ မျက်လုံးတွေလက်ခနဲဖြစ်ကာ ဝမ်းသာအံ့သြဖြစ်ရှာသည်။

မီးဖိုသေးသေးလေးမှာ မီးခဲတွေကို စုဆိုင်ကာမီးညွှန့်တက်လာအောင် ယပ်တောင်ဖြင့်ခတ်ရင်း မီးဖိုဘေးနားမှာ ကုန်းကုန်းကွကွဖြင့် အမေက အလုပ်ရှုပ်နေဟန်။

နေမကောင်းသေးတာကို အမေတော့အဲဒါတွေပဲ..
ဒါတွေ ကြိုသိနေလို့ စိတ်မချလို့လာကြည့်တာ။
မှိုင်း....ထင်တဲ့အတိုင်းပဲ...!

"အမေ.... ဘာတွေလုပ်နေပြန်ပြီလဲ၊နေမကောင်းတာကို"

ဒေါ်ကြင်သိန်းက လှိမ့်တက်လာသော မီးခိုးငွေ့တွေကို ယမ်းခါ ရှောင်ရှားရင်း မျက်နှာပေါ်ကစီးကျလာသောချွေးစတချို့ ကို အကျ်ီလက်ဖြင့် သုတ်ကာ သားဖြစ်သူ အပြောကို သဘောကျသလိုပြုံးသည်။

"အမေ သက်သာပါပြီ သားရယ် ၊မှိုင်းက မပြောမဆို ဘယ်လိုလုပ်ရောက်လာတာတုန်း၊အန်တီတို့ရောသိသလား သား သေချာ ခွင့်တောင်းခဲ့လား "

"အန်တီကိုယ်တိုင် လွှတ်လိုက်တာပါ အမေရ "

မှိုင်းအနောက်ဖက်ကို ပျာယီးပျာယာမျှော်ကာကြည့်လိုက်တဲ့ အမေ့အမူအယာကြောင့် မှိုင်းက သဘောကျစွာ ပါးလေးခွက်အောင်ရယ်ရင်း

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now