Chapter(35)

8.5K 1.5K 43
                                    

Unicode

******

ခပ်ကြမ်းကြမ်းပွတ်သပ်လာသည့် လက်ဖဝါးတွေအောက်မှာ ကိုယ်လေးကိုကျုံ့ ကာယိမ်းယိုင်တိမ်းရှောင်သော်လည်း ဒူးနှစ်ဖက်ကြားညှပ်ထားခံရသည့် ခပ်လှီလှီသူ့ခန္ဓာကိုယ်လေးက ရုန်းကန်ခြင်းငှါမစွမ်းသာပေ။အောက်ပိုင်းတစ်ခုလုံးကိုဖြစ်ညစ်ကိုင်တွယ်ခံနေရမှုအောက်မှာတဖြည်းဖြည်းမြန်ဆန်လာသောလက်တွေကြောင့်တစ်ကိုယ်လုံးကျိန်းစပ်နာကျင်လာသည်။

"ဟော ဦးဦးနားကပ်နေပြန်ပြီ၊ဟိုကချစ်လို့စရင်သူပဲခံပြင်းပြီးငိုတာမဟုတ်လား"

အဝေးကအသံက နီးလာတဲ့အခိုက်မှာ ခန္ဓာကိုယ် တစ်လျောက်ပြေးလွှားနေသောလက်ကတုံ့ခနဲရပ်တန့်သွားသည်။

ဒါပေမယ့် နောက်တစ်မျိုးပြောင်းကာမျက်နှာပြင်တစ်လျှောက်ပွတ်တိုက်လာသည့် တိုစိစိရိပ်သင်ထားသည့်နှုတ်ခမ်းမွေးတွေရဲ့ အထိအတွေ့ကိုသူ လုံးလုံးမနှစ်သက်ပါ။ပြင်းရှသည့် ဆေးပြင်းလိပ်နံ့ကထောင်းခနဲ။

"ဦးဦး သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွာ "

သူမုန်းသည့် အသံက နားဝမှာကပ်ကာကြားရတော့ ကျောရိုးထဲကစိမ့်ကာတုန်ရီလာသည်။သဘောတကျရယ်မောလိုက်သည့် ပတ်ဝန်းကျင် မှ အသံတွေက သူ့ရဲ့ ငြင်းဆန်ငိုယိုမှုတွေကို ဖုံးလွှမ်းသွားလေ၏။

"ဒီကောင်မလေးဟာ ကလန်ကဆန်၊ဦးဦးက ချစ်လို့စတဲ့ဟာကို "

မချစ်နဲ့။အချစ်မခံချင်ပါဘူး။အေးအေးဆေးဆေးနေပါရစေ။စိတ်ထဲကအားကုန်ဟစ်၍အော်နေသောအသံက အပြင်ဖက်မှာ မျက်ရည်အဖြစ်သာ အသွင်ပြောင်းစေသည်။

တဟဲဟဲရယ်နေတဲ့အသံကို မုန်းတီးစိတ်က ကြီးထွားလာသည့်အဆုံး ပင့်မြှောက်ဖက်တွယ်ခံထားရသည့် ကိုယ်လေးကို ကော့ထိုးရုန်းကန်ရင်းခြေကုန်ထုတ်ကာကန်မိတော့ တင်းတင်းကျပ်ကျပ်ဖက်ထားတာကပြေလျော့သွားချိန်မှာ အဝေးကိုခုန်ချ ထွက်ပြေးမိလေသည်။

"ဟဲ့...ဟဲ့....ဘာဖြစ်သွားတုန်း၊ဒီကောင်မလေးဟာလေ ဧည့်သည်ကို ဧည့်သည်မမှတ်၊သူ့ကို ချစ်တာသိတိုင်း ဆိုးချင်တယ်၊နေပစေ...သူ့အဘပြန်လာပေ့စေဦး"

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now