Chapter (4)

10.6K 1.8K 140
                                    

Unicode

*****

ပူနွေးလှုပ်ရှားနေသော လူအုပ်ကြားထဲ တရွေ့ရွေ့တိုးငင်ရင်း မှိုင်းပျော်နေပါသည်။

အကြော်ဆိုင်ကထွက်လာတဲ့ ညော်နံ့၊မုန့်အိုးကင်းပူနံ့၊ချွေးနံ့၊မိတ်ကပ်နံ့၊အပေါစားရေမွှေးနံအနံ့တွေတလူလူထွက်နေသော လူလှိုင်းလုံးကြီးထဲမှာ မှိုင်းတယောက်ဟိုကြည့် ဒီကြည့်ငေးရင်း ရှေ့တိုးနေမိသည်။

"ခုနှစ်ခွေ သီတာရယ် မှ ပတ်ကာဆင်း
သာတောင့် သာတယ်လေ ၊နတ်ပြည် တနင်း...တနင်း
ဘုန်း ဘုန်းတန်းတေဇာ ဖြာဖြာရောင်လင်းပါလို့
မင်း...မင်းမြတ်ထွဋ်ခေါင်မွေ

အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် (ယှဉ်ကာပြိုင်)
ပန်းမွေ့ယာ ရွှေကော်ဇော ရောနှောလို့ထိုင် "

ဟော...ကြီးကြီးနုရဲ့ အပျိူတော်အကနဲ့နတ်ပင့်တီးလုံးသံလာပါပြီ။ဒါဆို ပွဲ စထွက်ပြီ ။

မှိုင်း နားရည်ဝသလောက် ပြန်ပြောပြရရင် ဇာတ်သဘင်မှာ သမားစဉ်ဆိုတာ ရှိသည်။ဘုရားကန်တော့ခန်း၊အပျိူတော်၊နတ်ပင့်၊အော်ပရာ၊ပြဇာတ်၊နှစ်ပါးသွား၊နောက်ပိုင်းဇာတ်တော်ကြီး သည်လို အစဉ်လိုက်ကပြရသည်ဟု နားထောင်မှတ်သားရဖူးသည်။

ဘဘ ရွာစားစိန်တိုးမောင်က တခါတလေ မှိုင်း ကို ဒါ တွေ ပြောပြရင်း"ခုတော့ ခေတ်အကြိုက် စတိတ်ရိူးတွေကနေရာယူလာပြီလေ သူမပါမဖြစ်ပေါ့ကွာ "ဟု စိတ်မကောင်းသလို ညည်းတတ်သည်။

လက်ဖက်ရည်ဆိုင်က လူခေါ်သံ ဈေးဆိုင်တွေကအချေအတင်ဈေးပြောသံတွေကြားမှာ အသံချဲ့စက်ကကျယ်လောင်စွာ ထွက်ပေါ်နေသည့် အပျိူတော်နတ်ချင်း ဆိုင်းသံမြူးမြူးကို နားထောင်ရင်း မှိုင်း ခုန်ဆွဆွ မြူးကြွနေခဲ့သည်။

ဆိုင်းဆရာအဖေက မွေးလာသည့်သားဆိုတော့လည်းမှိုင်းဘဝ တလျောက်လုံး ပွဲခင်းထဲမှာလူ
လားမြောက်ကြီးပြင်းလာခဲ့သည်ဟု ပြောရင်ရမည်။လူအုပ်တသောသောကြားတွင် ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်တာမို့ မှိုင်းက လူမကြောက်တတ်ပါ။လူတွေကြားမှာ နေရတာကို သဘောကျသည်။

မနက်က မှိုင်းတို့ ဇာတ်အဖွဲ့ကရမည့် ရေနံချောင်းမြို့ နယ်ထဲက ရွာကိုရောက်သည်။တွင်းဝက ရွာဆိုပေသိ အိမ်ခြေများပြီး ကြီးမားတဲ့ ရွာကြီးထဲမှာ ပါပါသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now