Chapter(8)

10.2K 1.7K 65
                                    


Unicode

*******

အမိုးအကာ တောင့်တောင့်တင်းတင်းနဲ့ မျက်နှာစာပတ်လည်မှာ သံဇကာတပ် ပျဉ်ထောင်အိမ်လေးကို ကြည့်ရင်း ဒေါ်ခင်မင်းသွယ် သက်ပြင်းချမိသည်။

မမပွင့် ပြောတဲ့အတိုင်းဆို ဒီလိပ်စာပဲ...

"အိမ်ရှင်တို့...အိမ်ရှင်တို့ "

အသံပြုကြည့်ပေမယ့် လူမပြောနှင့်ကြောင်တစ်ကောင်တောင်မှ မပေါ်လာသော အိမ်ရှေ့မှာ အချိန်အနည်းငယ်ကြာကြောင်တောင်တောင်ရပ်နေတုန်း

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ "

အနောက်ဖက်က ထွက်ပေါ်လာသည့် ယောကျ်ားသံကြောင့် ဒေါ်ခင်မင်းသွယ် လှည့်ကြည့်မိပါသည်။ဂင်တိုတို ပုပြတ်ပြတ် အရပ်အမောင်း ၊နေလောင်ခံရဖန်များ၍ ညိုမည်းနေသော အသားအရည် ကျောက်ပေါက်မာသဲ့သဲ့နှင့် အသက်လေးဆယ်ခန့် ယောကျ်ားတစ်ဦးက ဒေါ်ခင်မင်းသွယ် ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးသည်။

"တစ်ယောက်ယောက်ကိုများ ရှာသလား "

"သြော်....ဒီအိမ်က လူတွေ ဘယ်သွားကြလဲရှင့် "

"ကျူပ်က ဒီအိမ်ကပဲ ဘာကိစ္စရှိလို့လဲ "

လှရွှေတယောက် မျက်စိရှေ့က ဖြူ နွဲ့နွဲ့ ပုသေးသေး အမျိူးသမီးကို ထက်အောက်စုန်ဆန်အကဲခတ်ရင်း အံ့သြနေမိပါသည်။ကြည့်လိုက်တာနဲ့ အထက်တန်းလွှာကမှန်းသိသာ ထင်ရှားစွာ ဖြူနုမွတ်နေတဲ့ ထိုအမျိူးသမီး က အသက်ကတော့ မှန်းရရင် အစ်မကြင်လောက် ရှိရောပေါ့။

ဒါပေမယ့် နေမထိမိုးမမိနေရတဲ့ သူမှန်းသိသာစွာ ဇရာအရိပ်အငွေ့က သူမ မျက်နှာမှာ အနည်းငယ်သာ ထင်ဟပ်ပါသည်။

"မှိုင်း....မှိုင်းပြာမှုန်ဝေ ရှိသလား "

"မှိုင်း.. "

"အာ....ဒီကောင်လေးလား ၊လမ်းထိပ်နားက ရေခဲစက်မှာအလုပ်ဝင်နေတယ်လေ ခဏနေ ပြန်လာတော့မယ်..ဘာကိစ္စလဲမသိဘူး ၊အရေးကြီးရင်တော့ အိမ်ထဲ ဝင်ထိုင်စောင့်လေ "

ဒီနေရာကို လာဖို့ ရှိသမျှ သတ္တိအကုန်မွေးပြီးလာခဲ့ရသည့်နောက် မှိုင်းကို တွေ့ပြီးမှပဲ ပြန်ဖို့ စိတ်ကူးပါသည်။ဖိတ်ခေါ်သည့်သူကလည်းဖိတ်ခေါ်နေမှတော့ ဝင်ထိုင်ပြီးစောင့်ယုံရှိတာပဲ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now