Chapter (27)

9K 1.6K 121
                                    


Unicode

*****

"အိမ်မှာ ကြီးကြီးပွင့်လည်း ရောက်နေပြီ မေမေ ၊အိမ်ပြန်ပြီးသာ နားလိုက်ပါတော့၊Night ဝင်ပေးမယ့် ဆရာမလည်း လာမယ် ကျနော်လည်း စောင့်နေမှာပဲဟာ "

ကျောင်းကပြန်ပြီး အိမ်မှာ နား၊ရေချိုးပြီး အထုပ်
အပိုးတွေနဲ့ မှိုင်းကို ညအိပ်စောင့်ဖို့ ရောက်ချလာသော သားဖြစ်သူကို ဒေါ်ခင်မင်းသွယ် က တအံ့တသြ ကြည့်သည်။

စိတ်ထဲကသာ အံ့သြရတာပါ။ နှုတ်ဖျားကတော့ ဖွင့်ဟမမေးရဲ။စိတ်မရှည်သည့် သားတော်မောင်က တော်ကြာမေးလိုက်မှ ရှူးရှူးရှားရှား နဲ့ စိတ်ပြောင်းသွားမှာ စိုးရသေးသည်။

"ရေပဲ ပြန်ချိုး အဝတ်အစားလဲပြီး မေမေ ပြန်လာခဲ့မယ်လေ၊တိမ် စောင့်လို့ ဖြစ်ပါ့မလား၊ကိုယ့်အိပ်ရာနဲ့ ကိုယ်မဟုတ်ရင် တခြားမှာ တိမ်က အိပ်မှမအိပ်တတ်တာကို "

"ကဲ....ကျနော်ပြောသလိုပဲ လုပ်ပါ မေမေရာ၊မေမေ..အဲဒီလိုပြောမှာ ကျနော်သိလို့ နေရတာအဆင်မပြေလည်း ကျနော်ပဲစောင့်မယ် ပြောတာ၊အိပ်ရေးပျက်မှာ နဲ့မေမေ့သွေးတိုးနဲ့ စိတ်ပူတတ်တာနဲ့ မဖြစ်ပါဘူး မေမေရ ပြီးတော့ကြီးကြီးပွင့် လည်း ရောက်နေပြီ ဆိုမှ မေမေပဲ ပြန်လိုက်ပါ "

တိမ်မင်းက စိတ်မရှည်သလို ခပ်ဆတ်ဆတ်အပြောမှာတော့ ဒေါ်ခင်မင်းသွယ် က ကောင်းပါပြီပေါ့။တနေ့ကို စိတ်သုံးခါလောက်ပြောင်းသည့် သားဖြစ်သူအကြောင်းသိနေတာမို့ ချန်ထားရမှာ ရင်ကတော့ မအေး။

ဒါပေမယ့်လည်း ကုတင်ပေါ် လှဲနေရသည့် လူ
မမာ ကလေးကိုတော့ဖြင့် စိတ်မရှည်စွာ ကြိမ်းလားမောင်းလား မလုပ်လောက်ဘူး ထင်ပါရဲ့လေ။

"ဒါဆိုလည်း မေမေ ပြန်လိုက်မယ်လေ၊ကလေးကို မေမေဆရာမအကူအညီနဲ့ ရေပတ်တိုက်ထားပြီးပြီ၊ ညပိုင်း ဒေါက်တာကေ တစ်ခေါက် လာကြည့်မယ် ပြောတယ် တိမ်... လောလောဆယ် အစာတော့ သူမစားနိုင်သေးဘူး ကြက်ပေါင်းရည်တော့ တစ်ပုလင်းနည်းနည်းဝင်တယ် မေးရင် ပြောရအောင် မှတ်ထားနော် "

တိမ်မင်းကို အကျိုးအကြောင်းပြောပြရင်း သူတို့သားအမိနှစ်ယောက်အချီအချပြောနေတဲ့ ကြား
မှာ အိပ်ပျော်နေတဲ့ မှိုင်းအနားကို တိုးကပ်သွားကာ နဖူးလေးကိုတချက်ငုံ့စမ်းကြည့်လိုက်သည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now