Chapter(56)

7.3K 1.4K 63
                                    


__________

Unicode

*******

"ဖြည်းဖြည်းတက်နော် မေမေ "

တိမ်မင်းတစ်ယောက်မေမေ့ကိုဆေးခန်းပြပြီးနောက် ကားပေါ်အသာတွဲတင်၊မောင်းထွက်ခဲ့လိုက်သည့်အခိုက် ဒီနားကအထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းလွတ်ချိန်နှင့်တိုးနေတာမို့မီးပွိုင့်မှာအတန်ကြာရပ်စောင့်နေရသည်။အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေသုံးယောက်တိမ်မင်းကားဘေးကပ်ကာလမ်းဖြတ်ကူးသွားတာကိုငေးကြည့်ရင်းတိမ်မင်းအတွေးတို့က တချိန်ကအတိတ်ဆီသို့ရွက်လွင့်သည်။

သုံးနှစ်...

မှိုင်းကလေးနဲ့တွေ့ခွင့်မရခဲ့တာ ခုဆို သုံးနှစ်ရှိခဲ့ပြီ။

တိမ်မင်းဘေးကထွက်ခွာသွားခဲ့တာစဉ်းစားလိုက်ရင်မနေ့တစ်နေ့ကလိုပါပဲ။

မှိုင်းကလေးကို အဆက်အသွယ်မရ၊ဘယ်ရောက်သွားသည်မသိစုတ်စမြုပ်စရုတ်တရက်ပျောက်သွားခဲ့တုန်းကတိမ်မင်းတစ်ယောက်ရူးမတတ်ဖြစ်ခဲ့ရသည်။

လိုက်ရှာဖို့စိတ်ကူးသော်လည်းစိတ်အခြေအနေတည်ငြိမ်မှုမရသေးသည့်မိခင်ဖြစ်သူကိုတစ်ယောက်ထဲဒီတိုင်းချန်ထားခဲ့ဖို့မတွေးရဲခဲ့တာကြောင့်တိမ်မင်းစိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ ။

__________________<____________________

မှတ်မှတ်ရရမေမေဆေးရုံကဆင်းလာပြီးနှစ်ပတ်မြောက်မှာ မှိုင်းကလေးကို ပြန်ခေါ်ဖို့အတွက် တိမ်မင်း နောက်တစ်ကြိမ်ထပ်ပြီးအရောက်သွားခဲ့သည်။

မှိုင်းနေထိုင်ရာအိမ်ငယ်လေးရှေ့ အော်ခေါ်ရကောင်းနိုးနိုး၊တက်သွားရကောင်းနိုးနိုးဖြင့်အတန်ကြာတွေဝေကာရပ်တန့်နေခိုက်မှာပဲ..အိမ်လေးပေါ်ကအသားညိုညိုပိန်ပါးပါးအမျိုးသမီးတစ်ယောက်ခြေသံတဖျပ်ဖျပ်ဖြင့်ဆင်းလာခဲ့သည်။

ထိုအမျိုးသမီးသယ်ဆောင်လာခဲ့သောစကားကတိမ်မင်းရဲ့မျှော်လင့်ချက်တွေကို တခဏတွင်းချင်းမှာပဲဆိတ်သုဉ်းစေခဲ့သည်လေ။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now