Chapter(32)

8.6K 1.6K 128
                                    

Unicode

******

မှိုင်းမျက်နှာက ဝမ်းသာစိတ်ဖြင့်လင်းကာနေ၏။

သားရဲ့ နဖူးပြေပြေလေးပေါ်ဝဲကာအုပ်ကျနေသော ဆံပင်တချို့ကို သပ်ကာသိမ်းတင်ပေးရင်း အမေကလည်း ကြည်နူးချစ်မဝစိတ်ဖြင့်ပြုံးလေသည်။

"မှိုင်း ထမင်းစားလို့ရပြီလား "

"အမေ ဘာယူလာသလဲဟင်...ဟိုဟာ ထည့်လာတယ်မဟုတ်လား..အဟင်း "

အမေ့မေးခွန်းကြောင့် မှိုင်းဝမ်းသာအားရ​ပြန်မေးမိသည်။မှိုင်းငယ်စဉ်သိတတ်စအရွယ်ကတည်းက နှစ်သက်ခဲ့ရသည့်အမေ့လက်ရာ။ဒီတစ်ခါမစားရတော့ဘူး ထင်နေခဲ့ပေမယ့် အမေက မမေ့မလျော့ မှိုင်းအတွက် ယူလာသည်တဲ့လေ။

"မထည့်လာလို့ ရမလား...အမေ့ခွေးပေါက်လေးက ဒါစားမှပဲအဖျားပျောက်တော့မှာကို "

"အာ...အမေကလည်း...ပြောပြန်ပြီ
မှိုင်းက လူ...လူ...အမေမွေးထားတဲ့သား...ခွေးပေါက်မဟုတ်ဘူး"

အမေက ချစ်စနိုးကြည့်ပြီး ပြောသည့်စကားကြောင့် မှိုင်း တမင်မျက်နှာကို စူပုပ်ပုပ်ပုံဖမ်းကာ စိတ်ဆိုးသလိုလုပ်လိုက်တော့ အမေခမျာ တခိခိရယ်ရှာလေ၏။

ပုံမှန်ဆို ပင်လယ်ကို အလျားကူးကာ ဖြတ်သန်းရသလို ပင်ပန်းလှသည့် ဘဝရဲ့ဒဏ်တွေကြား အမေ့အတွက် မှိုင်းကသာ လောကမှာ တဦးတည်းသောအားကိုးရာနှင့်တိုင်တည်ရာလေးဖြစ်ခဲ့သည်။

အရွယ်နှင့်မလိုက်အောင်သိတတ်နားလည်လူကြီးဆန်လှသော သားလေးဆီမှ ကလေးစိတ်မပျောက်သေးတဲ့ ဂျစ်တစ်တစ် အမူအယာကို ခုလိုနေမကောင်းသည့်အချိန်မျိုးမှသာပဲတွေ့ရလေ့ရှိတာမို့
အမေကတော့ မထူးဆန်းတော့ပါချေ။

ထူးဆန်းနေသူက သိင်္ဂီမေ တစ်ယောက်သာ။

စကားတွေ ဖောင်ဖောင်ကျဲနေသည့် သားအမိနှစ်ယောက်ဖက်ကို မကြာခဏ လှမ်းကာ ကြည့်နေသည့် ဒေါ်ခင်မင်းသွယ် မျက်နှာက အားကျသလို၊ကြည်လင်တောက်ပသည့် မျက်ဝန်းတွေမှာတော့ တချက်တချက်ကျ ဆွေးမြည့်သယောင်။

သိပ်ထူးဆန်းတာပဲ...။
သိင်္ဂီမေကပဲ အရာရာကို စူးစမ်းသတိထားနေမိ
လို့များလားဆိုပြီး ကိုယ့်စိတ်ကိုပြန်လျော့ချကာ မတ်မတ်ထိုင်နေသည့် ခန္ဓာကိုယ်ကို အနည်းငယ်မျှ ဖြေလျော့ပြီး ဆိုဖာနောက်မှီကို ခပ်လျောလျော မှီလိုက်မိသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now