ODAF - Ep 2

5.5K 710 121
                                    

My Dads are Fudanshi Ep 2

“ကျန့်ကျန့်ရေ ဒီနေ့ အကိုကျိုးတို့လာကြမယ်တဲ့”

“ဟုတ်လား ကောင်းတာပေါ့”

ကလေးတွေကို ဘယ်မှာမူကြိုထားရမလဲလို့ ကွန်ပျူတာရှေ့ထိုင်ကာ အကြိတ်အနယ်ရှာနေတဲ့ ရှောင်းကျန့်က ရိပေါ်ကို လှည့်မကြည့်ပဲ ဝတ်ကြေတန်းကြေ ပြန်ထူးသည်။

ကလေးတွေကိုထိန်းရမှာ စိတ်မရှည်သော်လည်း ကလေးတွေကို မူကြိုထားတော့မယ်ဆိုတော့လည်း သူ့သားတွေကို စိတ်မချတာမို့ စိတ်တိုင်းကျကျောင်းကိုမတွေ့မချင်း ထိုင်ရှာနေတာ မိုးလင်းကတည်းပင်။

လူက ကလေးဆန်တာမို့ ကလေးထိန်းဖို့စိတ်မရှည်ပေမယ့် ရှောင်းကျန့်က သားတွေကို သိပ်ချစ်တာ ရိပေါ်သိတာပေါ့။

အဲဒါကြောင့်လဲ ရိပေါ်က ဒီကလေးကြီးအပေါ် ချစ်မြတ်နိုးစိတ်တွေ ဖိတ်လျှံနေရတာမဟုတ်လား။

“တစ်မနက်လုံး ကွန်ပျူတာရှေ့မှာချည်းပဲ အခုထိ စိတ်တိုင်းကျကျောင်းမတွေ့နိုင်သေးဘူးလားဟမ်”

“တစ်ခုတော့ တွေ့ပေမယ့် အိမ်နဲ့နည်းနည်းဝေးလို့လေ .. အဲဒါကြောင့် အိမ်နဲ့လဲသိပ်မဝေးပဲ ကောင်းတဲ့ကျောင်းများရှိအုံးမလားလို့ ထပ်ရှာကြည့်နေတာ”

“မျက်မှန်လဲတပ်မထားဘူး မျက်ရိုးတွေကိုက်နေတော့မှာပဲ ကျန့်ကျန့်ရာ”

ရှောင်းကျန့်ထိုင်နေရာသို့လျှောက်သွားလိုက်ပြီး ရိပေါ်ပြောလိုက်တော့ ရှောင်းကျန့်က ကွန်ပျူတာမှအကြည့်ခွာကာ ရိပေါ်ကို ငဲ့စောင်းလို့ကြည့်သည်။

ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ မျက်ဝန်းညိုညိုလေးရဲ့ ညုတုတုအကြည့်တွေမှာ ရိပေါ် အကြိမ်ကြိမ်အခါခါသေဆုံးသည်။

လက်ထပ်ထားတာကြာလဲ ရင်ခုန်ရတုန်း၊
ကလေးနှစ်ယောက်ထွက်လာပြီးလဲ ရင်ခုန်ရတုန်းပင်။

ကိုယ့်နှလုံးခုန်သံက ဒီကောင်လေးအတွက်ပဲ သီးသန့်ဖြစ်တည်နေသလိုမျိုး။

“မျက်ရိုးကိုက်ရင် မောင်က နှိပ်ပေးပေါ့ မဟုတ်ဘူးလား”

မျက်စလေးပစ်ကာ ပြောတဲ့ ယုန်ပေါက်လေးကို စိတ်ရှိလက်ရှိ ပွေ့ဖက်လိုက်ချင်စိတ်တွေထိန်းမရတာမို့ ခုံမှာထိုင်နေတဲ့ ရှောင်းကျန့်ကိုယ်ကို ခါးကိုင်းကာ သိမ်းဖက်ပစ်လိုက်သည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now