ODAF - Ep 26

3K 583 100
                                    

Our Dads are Fudanshi Ep 26

"ဝမ်ရိရှောင်း မနက်စောစောစီးစီး ထလို့ပါလား ဘယ်သွားမလို့လဲ"

ပါပါးမသိအောင် အိမ်ကနေ လစ်ထွက်မယ်ကြံကာမှ အပေါ်ထပ်ကနေ ဆင်းလာတဲ့ ပါပါးကိုမြင်တာမို့ ရိရှောင်း စိတ်ညစ်သွားရပြီ။

မနက်စောစောမထတတ်တဲ့ ရိရှောင်းကို မနက်စောစောထစေတဲ့ တရားခံက ဟိုလူကြီးပဲပေါ့။

သူများကတော့ valentine day မို့ဥာဏ်ဆင်ပြီး သူနဲ့ညစာစားဖို့ စပြောခဲ့ရတာ၊ သူများ တစ်ခုခုပြောချင်မလားလို့ ကိုယ့်မှာ လမ်းတွေခင်းပြီး အခွင့်အရေးတွေ ပေးလိုက်ရတာ။

အဲဒါကို လူပျိုသိုးကြီးက ဘာစကားမှစမလာဘူးလေ။

သူဘာမှမပြောလို့ ကိုယ်ကစပြီး စသလို နောက်သလိုနဲ့ ဝေါ်အိုက်နီလို့ပြောတာတောင် ကြောင်ပြီးကြည့်နေခဲ့တယ်။

အမြဲတမ်းပျော်တတ်တဲ့သူဆိုပေမယ့် စခန်းမှူးရဲ့အဲဒီအပြုအမူကြောင့် ရိရှောင်း ချက်ချင်းငိုချင်စိတ်ပေါက်သွားတာ စခန်းမှူးကတော့ သိမှာမဟုတ်ဘူး။

ကိုယ့်လိုကလေးတစ်ယောက်ကတောင် စိတ်ထဲရှိတာကို မရှက်ပဲ ထုတ်ပြောတာကို သူက ဘာမှတုံ့ပြန်မလာဘူး။

ရိရှောင်း အတော်လေးရှက်သွားခဲ့ပေမယ့် ဘာမှမဖြစ်သလို စတာဆိုပြီး ဟန်ဆောင်လိုက်မိတယ်။

ပြန်စဉ်းစားကြည့်ရင် သူက ကိုယ်ရှက်သွားအောင်လုပ်တာ၊ သူလဲ ကိုယ့်ကိုကျိန်းသေပေါက် သဘောကျနေမှာပဲဆိုပြီးတော့ အထင်နဲ့ဆုံးဖြတ်ပြီး ကိုယ့်မှာ မျှော်လင့်တကြီးနဲ့ ပြောမိတာကို အူလည်လည်အလုပ်ခံရတာ၊ ကိုယ်ကစိတ်ဆိုးရမှာမဟုတ်လား။

အဲဒါကို စခန်းမှူးက ဘာကြောင့်မှန်းမသိပဲ ရိရှောင်းကိုစိတ်ဆိုးသွားတယ်။

ဘာစကားမှမပြောတော့ပဲ မြန်မြန်စားပြီးရင် ပြန်မယ်ဆိုပြီး ထပြောတယ်။

အိမ်ပြန်လိုက်ပို့တဲ့ တစ်လမ်းလုံးလဲ ရိရှောင်းကို စကားတစ်ခွန်းမှမပြောဘူး။

သူဘာကိုများ စိတ်ထဲသဘောမတွေ့တာလဲလို့ ရိရှောင်းစဉ်းစားမရ၊ စားစရာမှာတာတောင် သူဗိုက်အောင့်မှာစိုးလို့ကိုယ်က အစပ်တွေရှောင်ပြီး မှာထားပေးတာကိုလေ အဲဒါကို လူပျိုသိုးကြီးက ဘာတွေစိတ်မကြည်ရသလဲမသိ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now