ODAF - Ep 4

4.2K 646 135
                                    

Our Dads are Fudanshi Ep 4

Our Dads are Fudanshi Ep 4

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(အဆိုးလေးရိရှောင်း)

ရိရှောင်းတစ်ယောက် ပါးစပ်ထဲကပီကေကို တဖောက်ဖောက်မှုတ်လို့ သူ့အရှေ့မှာထိုင်နေတဲ့ စခန်းမှူးဆိုသူကို ပေစောင်းစောင်းနဲ့ကြည့်နေမိတယ်။

စခန်းမှူးတဲ့ .. အဲဒီလောက်အသက်ငယ်ရသလား။

ဟုတ်ကောဟုတ်ရဲ့လား သူ့အဖေ ယူနီဖောင်းကြီးယူဝတ်ပြီး ကိုယ်တွေကို ဂျင်းလာထည့်နေတာလားမသိ။

အဲဒီလိုဆိုရင်တော့ ရိရှောင်းတို့က ငြိမ်ခံနေမှာမဟုတ်၊ ငရုတ်သီးစိမ်းနဲ့ပါသိပ်ပေးပစ်လိုက်မှာ။

ကိုယ့်ဘာသာ ကျောင်းရှေ့မှာသူငယ်ချင်းတွေနဲ့ ပျော်လို့ကျောင်းရှေ့မှာ လက်သီးထိုးတိုင်းဆော့တဲ့ဟာ ရန်ဖြစ်တယ်ဆိုပြီး လူကိုဖမ်းသွားစရာလား။

အဲဒါမျိုးတွေ မေတ္တာကိုမရှိဘူး။

ခုနက ကိုယ်နဲ့ရန်ဖြစ်တဲ့ကောင်တွေကို သူတို့အိမ်က လာခေါ်ထုတ်သွားကြပြီမို့ ရိရှောင်းတစ်ယောက်တည်းကျန်တော့တာ။

ကိုယ်လည်း အိမ်က မွေးဖခင်တွေ လာခေါ်မယ့်အချိန်ကိုစောင့်နေရင်း မကြည့်ချင် ကြည့်ချင်နဲ့ စခန်းမှူးဆိုတဲ့လူကို ထိုင်ကြည့်နေရတယ်။

ဒါပေမယ့် မဆိုးပါဘူး ကြည့်လို့တော့ကောင်းပါတယ်။

အရင်က စခန်းမှူးက အသက်ကြီးကြီးရုပ်ဆိုးဆိုးကြီးလေ၊ အခု စခန်းမှူးကတော့ ထိုင်ကြည့်နေချင်စရာကောင်းလောက်အောင် ရုပ်ဖြောင့်တယ်။

ဘယ်လောက်တောင် ဖြောင့်သလဲဆို အိမ်က ဒယ်ဒီရိပေါ်နဲ့တောင် မျက်နှာချင်းကခပ်ဆင်ဆင်ရယ်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now