ODAF - Ep 8

3.3K 572 42
                                    

Our Dads are Fudanship Ep 8

"Hello"

မကိုင်မချင်း တတီတီမြည်နေသောဖုန်းကြောင့် အိပ်ချင်မူးတူးနဲ့ ရိရှောင်းဖုန်းကိုကိုင်လိုက်ရပေမယ့် မျက်လုံးမဖွင့်မိသေးပါ။

ကျောင်းကပြန်လာကတည်းက ခေါင်းကိုက်လို့ ရိရှောင်းအခန်းထဲဝင်ကာအိပ်နေတာဖြစ်သည်။

ပါပါးနဲ့ဒယ်ဒီကတော့ ဒီနေ့ မင်္ဂလာပွဲကြီးတစ်ခုစီစဉ်စရာရှိတာသွားနေတာမို့ အိမ်မှာရှိမနေပါ။

မရှိတာပဲခပ်ကောင်းကောင်းရယ်ပါ၊ မဟုတ်ရင် ညနေစောင်းကြီးအိပ်နေရသလားဆိုပြီး ပါးက ပွစိပွစိနဲ့ပြောနေအုံးမှာ။

"ရိရှောင်း အငယ်လေး သားကိုကိုရှိလား ပါးဖုန်းဆက်တာမကိုင်လို့ ရှိရင် ဖုန်းတစ်ချက်ပေးလိုက်"

"ကိုကိုမရှိဘူး ပါး ကျောင်းဆင်းတော့ သူ့ကောင်မလေးနဲ့ ရုပ်ရှင်သွားကြည့်တယ်"

"ဟာ အဲဒါမှဒုက္ခပါပဲ"

"ဘာလို့လဲ ပါး"

"ဒီမှာကွာ ပွဲစခါနီးမှ သတို့သားအရံလုပ်မယ့်ကောင်လေးက ချော်လဲပြီး အရိုးကျိုးသလားမသိဘူး ဆေးရုံပို့လိုက်ရတယ် အဲဒါ အစားထိုးဖို့ သတို့သားနဲ့ ကိုယ်လုံးကိုယ်ထည် အရပ်အမောင်းကိုက်တဲ့သူမရှိလို့ ရှောင်းဝမ်ကို အကူအညီတောင်းမလို့ပါဆို"

"ကိုကိုက ကောင်မလေးနဲ့လျှောက်လည်နေတာမို့ဖုန်းမကိုင်တာထင်တယ်"

"အေးကွာ အဲဒါဆို မင်းပဲလာခဲ့တော့"

မကြံကောင်းမစည်ရာတွေ ! သွားစရာလား ဒါမျိုး။

အိမ်ထဲကအိမ်ပြင်ထွက်ရင်တောင် ပြင်ဆင်ပြီးမသွားချင်တဲ့လရိရှောင်းက မိတ်ကပ်တွေ ထူလဗြစ်လိမ်းပြီး သတို့သားအရံလုပ်စရာလား။

ဆော်ရီးပါ ပါးရေ ရိရှောင်းကတော့ နိုးပါ။

"မလာချင်ပါဘူး ပါးရာ ကျွန်တော်ခေါင်းကိုက်နေတာ"

"လာစမ်းပါ အငယ်လေးရာ ဒီပွဲကကြီးတယ်ကွ ပြီးတော့ ဒါက gay couple မို့ ပါးတို့သေချာ support ပေးရမှာ"

"သားခေါင်းကိုက်နေလို့ပါဆို ပါးကလဲ .. တော်ကြာနေမကောင်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ပါးတို့ပဲဆေးဖိုးကုန်နေမှာနော်"

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now