ODAF - Ep 31

2.9K 565 66
                                    

Our Dads are Fudanshi Ep 31

အထူးကုဆရာဝန်ကြီးအခန်းဆီသွားကာ တာဝန်ကျအခန်းစောင့် နာ့စ်ထံသို့ case file လွှဲပေးပြီး ကုဝေမှာ အောက်ထပ်သို့ပြန်မဆင်းနိုင်သေးပဲ ခုနက ရှောင်းဝမ်လျှောက်သွားတဲ့ဘက်ကို ထွက်လာခဲ့မိတယ်။

တွေ့ရင် ဘာပြောရမလဲဆိုတာ မစဉ်းစားရသေးမယ့် တွေ့တော့တွေ့ချင်မိတယ်။

“ဟာ ဒေါက်တာကုဝေပါလား အပေါ်ထပ်ကို ကိစ္စရှိလို့လာတာလား”

ရှောင်းဝမ်ဝင်သွားတယ်လို့ထင်ရတဲ့ စတိုခန်းနားမှာ မယောင်မလည်လုပ်မိတော့ ခုနက ရှောင်းဝမ်ကိုငမ်းနေတဲ့ ဆရာမ ၃ယောက်ကို တွေ့လိုက်ရတယ်။

“အာ ဟုတ်ကဲ့ ….. ဆရာဝန်ကြီးဆီ case file လာပို့တာပါ ဒါနဲ့ ခုနက ဆေးရုံအုပ်ကျိုးရဲ့တူကိုတွေ့မိလိုက်သလားလို့”

“အော် ဒေါက်တာကုလဲ ရှောင်းဝမ်လေးနဲ့ခင်တာလား”

အောင်မာ ရာရာစစ ငါ့ကလေးကိုများ ရှောင်ဝမ်းလေးတဲ့။

ကုဝေ မကျေမချမ်းတွေးလိုက်မိပေမယ့် ထုတ်ပြောလို့မကောင်းတာမို့ ကြားကောင်းမယ့်စကားကိုသာ ရွေးပြောရပြန်တယ်။

“အာ ဟုတ်တယ် ကျွန်တော်က ဝမ်လေးကို စာသင်ပေးနေတာလေ အဲဒါကြောင့် သူ့ကိုတွေ့လိုက်လို့ နှုတ်ဆက်မလို့”

“အော် အဲဒီလိုကိုး ရှောင်းဝမ်လေးက ဒီနေ့ အောက်မှာလုပ်မယ့် ဟောပြောပွဲအတွက် လုပ်အားလာပေးတာ ဒေါက်တာရဲ့ .. ခုနက စတိုခန်းမှာလိုတဲ့ပစ္စည်းတွေလာယူတာ အခုတော့ အောက်ပြန်ဆင်းသွားပြီထင်တယ်”

“အော် ဟုတ်လား ကျေးဇူးဗျ ကျွန်တော်အောက်လိုက်သွားလိုက်အုံးမယ်”

စကားစဖြတ်ကာ ဟောပြောပွဲလုပ်မယ့် အောက်ထပ်သို့ ကုဝေပြေးဆင်းလာခဲ့မိတာ ဓာတ်လှေကားကိုတောင် မစောင့်မိ။

ဒီနေ့ ဆေးရုံအုပ်ကျိုးရဲ့အမျိုးသား ဒေါက်တာ Wayne က သူတလောက အမေရိကားမှာ Ph.D သွားတက်တုန်းက ပြုစုခဲ့တဲ့ စာတမ်းထဲက ရောဂါအကြောင်းကို ဆေးရုံမှာ ပြန်ဝေမျှမှာမို့ ဟောပြောပွဲရှိတာကို ကုဝေသိထားသည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now