ODAF - Ep 6

3.7K 597 99
                                    


Our Dads are Fudanshi Ep 6

ရိရှောင်းရဲစခန်းထဲခြေချလိုက်တယ်ဆိုရင်ပဲ ဝင်ဝင်ချင်းစားပွဲမှာ အလှည့်ကျစောင့်နေတဲ့ ရဲသားတစ်ဦးက လက်ပြနှုတ်ဆက်လိုက်သည်။

ရိရှောင်းတို့က အဲသလိုပါဆို။

ရဲစခန်းကို အိမ်ဦးနဲ့ကြမ်းပြင်လို့ ရောက်နေကြဆိုတော့ မသိတဲ့ရဲဆိုတာ မရှိသလောက်ပဲ။

ရိရှောင်းအနောက်မှာတော့ လမ်းသွားလမ်းသာတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို အလစ်သုတ်သွားတဲ့လူကို ရဲနှစ်ယောက်ကဖမ်းပြီးခေါ်လာသည်။

အိတ်ပိုင်ရှင်ကတော့ ထိုနောက်မှ ခပ်ရို့ရို့လေးပါလာသည်။

အခုတခေါက်က ရိရှောင်းရန်ဖြစ်လို့ရောက်လာတာမဟုတ်ဘူး။

လမ်းမှာ ပိုက်ဆံအိတ်အလစ်သုတ်လာတာတွေ့လို့ ကိုယ်ကနောက်ကနေလိုက်ပြီး သူခိုးကို လိုက်ဖမ်းပေးထားတာ။

ဒါပေမယ့် ဝရုန်းသုန်းကားနဲ့ ထိုးနှက်နေလို့ဆိုပြီး ရိရှောင်းကို ရဲစခန်းခေါ်လာတယ်လေ။

ရိရှောင်းကလဲ ရောက်နေကြနေရာဆိုတော့ ငြင်းဆန်မနေတော့ဘူး လိုက်လာလိုက်တာပဲ။

ဟိုစခန်းမှူးအကိုကြီးကိုလဲ စလို့ရတာပေါ့ အဟစ်ဟစ်။

“ရောက်လာပြန်ပြီလား မင်း”

ဟော စခန်းမှူးက ရိရှောင်းကိုမှတ်မိတယ်တွေ့လား။

ဖြစ်တတ်ပါတယ်လေ ရိရှောင်းက မျက်နှာချင် ရိုက်ချင်ပါစေ ..အဲလေ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ပြည့်တဲ့ စောင်ချောကြီးဆိုတော့ စခန်းမှူးက တစ်ခါမြင်ရုံနဲ့ ရင်ထဲအသည်းထဲစွဲသွားတာနေမှာ။

ဒါပေမယ့် စိတ်တော့မကောင်းဘူး ရိရှောင်းက ကောင်မလေးချောချောလေးတွေပဲ ကြိုက်တော့ စခန်းမှူးအသည်းကွဲရတော့မှာဘဲ။

“ကျွန်တော်ဖြစ်တာမဟုတ်ပါဘူးနော် ကျွန်တော်က ပိုက်ဆံအိတ်လုသွားတဲ့လူကိုဖမ်းလာပေးတာ”

“ဟိုကောင်တွေ သူပြောတာဟုတ်လို့လား”

“ဟုတ်ပါတယ် စခန်းမှူးကြီးရယ် ဒီကလေးက ကျွန်မပိုက်ဆံလုသွားတဲ့လူကို လိုက်ဖမ်းပေးတာပါ”

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now