ODAF - Ep 18

3.1K 563 139
                                    


O

ur Dads are Fudanshi Ep 18

“ရိရှောင်း ဘာလုပ်နေတာလဲ”

“စာဖတ်နေတာလေ နောက်တစ်ချိန် chemistry ဆရာမက formula တွေမေးမှာ ကိုကိုက စာရပြီလား”

ရိရှောင်းမေးခွန်းကို ရှောင်းဝမ်က မတုန်လှုပ်ဘူး။

chemistry ဆရာမ စာမေးမယ်ဆိုတာကြိုသိလို့ တနေ့ကမှ အကိုကုဝေကို လက်ပူတိုက်ပြီး စာရှင်းပြခိုင်းထားတာ။

စာမရဘူးဆိုတာ ထုံးစံပေမယ့် chemistry ဆရာမက အသေရစ်တတ်တာမို့ လိုရမယ်ရဆိုပြီး အကိုကုဝေကို စာသင်ခိုင်းထားတော့ ရှောင်းဝမ် ခေါင်းမော့ပြီးနေနိုင်တယ်။

“အေးဆေးပါကွ ဒီလောက်ကတော့”

ရိရှောင်းက ရှောင်းဝမ်စာရတယ်လို့ပြောတာကို မယုံနိုင်သလို ခေါင်းထောင်ကြည့်တယ်။

သူ့အကိုစာရတယ်ဆိုတဲ့ကိစ္စဟာ ရိရှောင်းအတွက် မယုံနိုင်စရာ သိပ်ကောင်းနေမယ်ဆိုတာသိတယ်။

အဲဒီလိုပဲ ရှောင်းဝမ်တို့က သိပ်အထင်ကြီးစရာကောင်းနေတယ်မဟုတ်လား။

“ကိုကိုကစာရတယ်ဟုတ်လား … မယုံနိုင်စရာပဲ ကိုကိုစာရတယ်ဆိုတာထက် ကိုကိုကွေးသွားတယ်ဆိုရင်တောင် ပိုပြီး ယုံချင်စရာကောင်းအုံးမယ်”

“အောင်မာ ငါကဘာလို့ကွေးရမှာလဲ”

“မသိဘူးလေ ကိုကိုက အခုတလော အကိုကုဝေနဲ့အရမ်းတွေအဆင်ပြေနေတော့”

အဲဒါ မင်းအတွက်လေ ချီးထုပ်လေးရဲ့။

ဘယ့်နှယ် သူ့လင်ဖြစ်လာမယ့်သူကို ကိုယ့်လက်ထဲထိုးထည့်နေတယ်။

ဒီက ပေတံလိုအဖြောင့်ပါဆို .. ဇွတ်။

“မဟုတ်တာ အကိုကုဝေက ငါ့အတွက်မဟုတ်ဘူး နေအုံး မင်းကို ငါပြစရာရှိသေးတယ်”

မနေ့ညက ရှောင်းဝမ်အပြင်ကပြန်လာတဲ့အချိန်ထိ ရိရှောင်းက ပြန်မလာသေးတာမို့ အကိုကုဝေပုံစံပြောင်းသွားတာကို မပြောပြရသေးဘူး။

ရှောင်းဝမ်ရဲ့ special makeover ကိုရိရှောင်းသိသွားစေဖို့ အကိုကုဝေကိုပုံစံပြောင်းပေးပြီး ရိုက်လာတဲ့ ဖုန်းထဲက ဓာတ်ပုံကို ရိရှောင်းရှေ့ ချပေးကာ မေးလိုက်မိသည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now