ODAF - Ep 15

2.9K 519 20
                                    

Our Dads are Fudanshi ep 15

"စုံထောက်လီ ရောက်လာပြီလား မြန်လိုက်တာ"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"စုံထောက်လီ ရောက်လာပြီလား မြန်လိုက်တာ"

မိမိထံသို့မျက်နှာမူကာ လမ်းလျှောက်လာတဲ့ စုံထောက်လီကို တွေ့တာမို့ ချန်ယွီ နှုတ်ဆက်လိုက်သည်။

ချန်ယွီစခန်းမှူးအဖြစ် တာဝန်ကျတဲ့မြို့နယ်မှာ လူသတ်မှုတစ်ခုဖြစ်တာမို့ ထိုနေရာသို့ ချန်ယွီရောက်နေခြင်းပင်။

ချန်ယွီတို့မြို့နယ်က မြို့စွန်ဘက်နည်းနည်းရောက်ပြီး မြို့နယ်အသေးတစ်ခုဖြစ်တာမို့ junior investigator တွေသာ ရှိလေသည်။

အဲဒါကြောင့် အခုလို လူသတ်မှုမျိုးတို့၊ လူကုန်ကူးတာတို့၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဆိုရင် မြို့နယ်အကြီး ဒါမှမဟုတ် တိုင်းရုံးက စုံထောက်တွေ ရဲမှူးတွေဆီ တဆင့်ပြန်တင်ပြကာ လက်လွှဲပေးရလေသည်။

"ဟုတ်ပါ့ဗျာ တိုင်းရုံးမှာ အစည်းအဝေးသွားတက်ပြီးအပြန် ဖုန်းဝင်လာတာနဲ့ စခန်းမပြန်တော့ပဲ ဒီကိုတန်းဝင်လာတာ .. Case က ဘယ်လိုဖြစ်တာလဲ"

"လူသတ်မှုလို့ အကြမ်းဖျင်းကောက်ချက်ချတာပဲ .. သေဆုံးသူက အခုမှအထက်တန်းကျောင်းသားပဲရှိသေးတယ် စုံထောက်လီ … ဒီနားမှာ ဂိမ်းဆိုင်တွေရှိတယ်ဆိုတော့ ဂိမ်းကစားရင်း ရန်ပွဲများဖြစ်တာလားလို့ ကျွန်တော်တို့မြို့နယ်က စစ်ဆေးရေးမှူးက သံသယရှိနေတယ်။ အခုခေတ်ကလေးတွေက ပိုက်ဆံနဲ့အလောင်းအစားလုပ်ပြီး ကစားကြတာတွေလဲရှိတယ်လေ။ လောလောဆယ်တော့ မှုခင်းဆရာဝန်ကတော့စစ်ဆေးဖို့ သက်သေတွေယူနေတယ်”

“ကျေးဇူးပါ စခန်းမှူးယွီ .. ပင်ပန်းသွားပြီ”

“ရပါတယ်ဗျာ ကိုယ့်မြို့နယ်မှာဖြစ်တဲ့ကိစ္စပဲဟာ”

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now