ODAF - Ep 14

3K 530 60
                                    

Our Dads are Fudanshi Ep 14

ဆေးရုံအဝင်ကို လှမ်းကြည့်တော့ ဆိုင်ကယ်လ်ဦးထုပ်ကိုင်ကာ စောင့်နေတဲ့ ရှောင်းဝမ်ကိုတွေ့လိုက်ရသည်။

ခပ်ဝေးဝေးကနေတောင် အရှိန်တဝါတစ်ခုတောက်ပနေတာ ငြင်းမရနိုင်ဘူး။

ဒီကောင်လေးကကြီးလာရင် အခုထက်ပိုပြီး ချောမယ့်ပုံပဲ။

မင်းသားလုပ်စားရင်တောင် အောင်မြင်နိုင်တယ်။

အခုပဲကြည့်၊ သူကတော့ ဆေးရုံဝင်ပေါက်နားလေးမှာ မတ်တပ်ရပ်နေတာပဲ၊ ဆေးရုံအတွင်းထဲက လူအများစုရဲ့ မျက်ဝန်းတွေက သူ့ဆီမှာ။

အဲဒီရှောင်းဝမ်ဆိုတဲ့ချာတိတ်ကို အရင်တစ်ပတ်ကတည်းက စာသင်ပေးဖို့စီစဉ်ထားပေမယ့် အဲဒီကောင်လေးက ကျောင်းက ဘောလုံးပြိုင်ပွဲတစ်ခုအတွက် ကျောင်းဆင်းချိန်လေ့ကျင့်ရမှာမို့ဆိုပြီး မသင်ဖြစ်ခဲ့ဘူး။

အဲဒီတော့ ဒီနေ့မှပဲ သူကဆေးရုံက အပြန် ကုဝေကို လာကြိုပြီး သူ့အိမ်ကိုလိုက်ပြီးစာသင်ပေးရမှာ။

အခုလို တစ်ပတ် ၃ ရက်လောက်ဆေးရုံလာကြိုရင်တော ဆေးရုံက လူတွေအကြိုက်ဖြစ်တော့မှာပဲ။

သူ့အနားသို့လျှောက်သွားလိုက်ပြီး အနီးကပ်သို့ရောက်လာတော့မှ မျက်နှာဖွေးဥဥပေါ်မှာ ချင်းချင်းနီနေတဲ့ သွေးစသွေးနလေးတွေ တွေ့လိုက်ရသည်။

ဒီကောင်လေး ရန်ဖြစ်လာတာများလား။

သူက ရိရှောင်းလို အဆိုးလေးလို့လဲမကြားပါဘူး။

သူက ပျော်မယ်ပါးမယ် စကားများမယ်ဆိုတဲ့စတိုင်လ်မျိုးနဲ့လေ။

ဘယ်သူနဲ့များ ပြဿနာဖြစ်လာပါလိမ့်။

“စောင့်နေရတာကြာပြီလား”

“ဟင့်အင်း အခုမှရောက်လာတာပါ .. ရော့အကို ဒီမှာ ဆိုင်ကယ်လ်ဦးထုပ်”

“နေစမ်းပါအုံး မျက်နှာကဘာဖြစ်တာလဲ”

“အာ ဒီနေ့ လေ့ကျင့်ရင်းနဲ့ ချော်လဲသွားတာ ဘာမှမဖြစ်ဘူး”

နှုတ်ခမ်းတောင့်ကသွေးတွေက ကောင်းကောင်းမခြောက်သေးတာတောင် ဘာမှမဖြစ်ဘူးပြောတဲ့ ဘောလုံးသမားလေးက ခံနိုင်ရည်ကောင်းကောင်းရှိပုံပါပဲ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now