ODAF - Ep 10

3.3K 531 78
                                    

Our Dads are Fudanshi Ep 10

“သား ရှောင်းဝမ်”

“ဗျာ”

ကျောင်းပိတ်ရက်မို့ အပြင်ထွက်မယ်ကြံကာ အောက်ထပ်ဆင်းလာတဲ့ ရှောင်းဝမ်မှာ ပါပါးရဲ့ခေါ်သံကြောင့် ခြေလှမ်းတွေမရပ်ချင်ရပ်ချင်နဲ့ ရပ်လိုက်ရသည်။

မရပ်လို့လဲမရဘူး။

ပါပါးက ဒီအိမ်မှာဆရာကြီး။

ဒေါသကြီးတဲ့ ဒယ်ဒီတောင် ပါပါးက တစ်ချက်ဟောက်လိုက်ရင် မဟိန်းတတ်တဲ့ ခြံင်္သေ့ကြီးဖြစ်သွားလောက်အောင် ပါပါးက စွမ်းပါသည်။

စွမ်းတာမှ အေရီရယ်လ်လိုပဲ .. ပါပါးစကားတစ်ခွန်းအစွမ်း အဲသလိုစွမ်းတာပါဆို။

“ဒါကဘယ်လဲ”

“ချန်ရှင်းနဲ့ချိန်းထားလို့ အပြင်သွားမလို့”

ချန်ရှင်းဆိုတာက ပါပါးရဲ့ညီတစ်ဝမ်းကွဲ ဦးလေးဖန်ရှင်းနဲ့ ဦးလေးကောချန်တို့ရဲ့သား။

ချန်ရှင်းက ရှောင်းဝမ်ထက်တစ်နှစ်ငယ်သည်။

ဒါပေမယ့် ရှောင်းဝမ်က မနှစ်က Grade 12 ကျထားတော့ ဒီနှစ် ရှောင်းဝမ်နဲ့ ချန်ရှင်းက အတန်းတူသွားရော။

အရင်တုန်းကတည်းကရှောင်းဝမ်နဲ့ ချန်ရှင်းကအတွဲများသည်။

များဆို အငယ်လေးရိရှောင်းက ရန်ဖြစ်ဖို့နဲ့ သူများကိုစနောက်ဖို့ကလွဲရင် တခြားအရာစိတ်မဝင်စားဘူး။

ရှောင်းဝမ်တို့ကတော့ ထိုသို့မဟုတ်ပဲ kpopper တွေလေ။

သူများတွေပြောသလိုပြောရရင်တော့ k idol ရူးပေါ့ဗျာ။

အဲဒီတော့ ကိုယ်သဘောကျတဲ့ idol တွေအကြောင်းပြောကြဆိုကြနဲ့ ရှောင်းဝမ်နဲ့ ချန်ရှင်းက တစ်နေ့တစ်နေ့ ကျောင်းမှာရော အိမ်မှာရော မအားရဘူး။

ဒီနေ့လဲ ရှောင်းဝမ်တို့ korea ကနေမှာထားတဲ့ idol ရဲ့ album အသစ်ရောက်ပြီဆိုလို့ သွားယူဖို့ ချိန်းထားကြတာ။ ဒါပေမယ့် ပါပါးကို အဲဒီလိုပြောပြလို့မဖြစ်၊ တစ်နေ့တစ်နေ့ ဒါချည်းပဲလုပ်နေလို့ဆိုပြီး အဆူခံရမှာအသေအချာပဲ။

“မင်းမလဲ တစ်နေ့တစ်နေ့ အိမ်ကပ်တယ်လို့ကိုမရှိဘူး တစ်ရက်တစ်လေ ကျောင်းပိတ်တာ အပြင်မသွားပဲ အိမ်မှာ အဖေတွေကို အလုပ်လေးဘာလေးကူလုပ်မယ်မရှိဘူး”

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now