ODAF - Ep 25

2.8K 549 60
                                    

Our Dads are Fudanshi Ep 25

သတိရစိတ်တွေရင်နဲ့အပြည့်ဖြစ်သောလည်း ချန်ယွီ ဒီရက်ပိုင်းထဲ ရိရှောင်းနဲ့မတွေ့ဖြစ်ပါ။

အကြောင်းကတော့ အခုတလော ချန်ယွီတို့မြို့နယ်မှာ ဒုစရိုက်မှုတွေ ဆက်နေခြင်းကြောင့်ပါပဲ။

ချန်ယွီတို့မြို့နယ်မှာ လူသွားလူလာများတဲ့ နာမည်ကြီးညဈေးတန်းတစ်ခုရှိကာ အခုတလော အဲဒီဈေးနားတဝိုက်မှာ လုယက်မှုတွေ ဖြစ်နေတာ ၃ ခု ၄ ခု ဆက်တိုက်မို့ ချန်ယွီတို့တွေ တော်တော်အလုပ်များနေကြသည်။

အဲဒီအမှုတွေက တစ်ဖက်၊ ပုံမှန်ဆိုသလို တက်လာတတ်တဲ့ ငွေကြေးအလွဲသုံးစားမှုတွေ၊ ရန်ဖြစ်တာတွေ အဲလိုအမှုတွေ စုံနေတာမို့ ချန်ယွီ စခန်းကနေ မခွာနိုင်ဖြစ်နေရသည်။

ဒါပေမယ့် ရင်ထဲမှာတော့ ရိရှောင်းကို အချိန်တိုင်းလွမ်းသည်။

ဒီကောင်လေးကို ရင်ခုန်ကာ သဘောကျနေမိပါပြီဆိုကာမှ ခဏခဏ မတွေ့နိုင်တော့။

ချာတိတ်ကလဲ စာမေးပွဲတွေ assignment တင်ရမှာတွေရှိလို့ အပြင်တောင် သိပ်မထွက်ဖြစ်ဘူးတဲ့။

ကိုယ့်မျက်စိရှေ့မှာမဟုတ်ပေမယ့် အိမ်မှာပဲရှိနေတယ်ဆိုတော့ တော်ပါသေးတယ်လို့ သက်ပြင်းချထားရတယ်။

ညဘက်မအိပ်မခင်လေးကတော့ သူလေးဆီ ဖုန်းဆက်ပြီး နေကောင်းလား ထမင်းစားပြီးပြီလား မေးမြန်းသလိုလိုနဲ့ ဖုန်းဆက်တာလေးတော့ အဆင်ပြေနေသား။

တချို့ရက်တွေဆို ချန်ယွီတောင် ဖုန်းစမဆက်ရပဲ ရိရှောင်းလေးကစပြီး ဖုန်းဆက်တတ်လာတယ်။

ဟိုးတနေ့ကဆို ဘာစိတ်ကူးပေါက်တယ်မသိ၊
video call ပြောကြရအောင်ဆိုလို့ အိမ်နေရင်းစွပ်ကျယ်ဝတ်ထားရာကနေ အကျီတစ်ထည်ပြေးဝတ်ကာ ပြောရသေးသည်။

ဖုန်းထဲကနေမြင်ရတဲ့ ကောင်လေးရဲ့အပြုံးတွေတွေ့တော့ ချက်ချင်းပဲပြေးတွေ့ချင်စိတ်တွေ တဖွားဖွား။

ချစ်မိပြီဆိုရင် ဒီလိုပဲထင်သည်၊ အရင်တုန်းက လူဆိုးလေးလို့မြင်ရာကနေ အခုတော့ ချစ်စရာကောင်းတဲ့အရုပ်ကလေးလို့ မြင်မိနေသလို အရင်တုန်းက နားငြီးတယ်လို့ထင်တဲ့စကားသံတွေကလဲ အခုတော့ သကာရည်လို ချိုနေပြီ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now