ODAF - Ep 23

2.8K 533 139
                                    

Our Dads are Fudanshi Ep 23

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Our Dads are Fudanshi Ep 23

“ဘယ်မှာစားမှာလဲ ဟော့ပေါ့ပဲလား”

ကားပေါ်တက်တက်ချင်း ရိရှောင်းကို ချန်ယွီမေးလိုက်သည်။

“မစားပါဘူး ခင်ဗျားနဲ့မတည့်တဲ့အစပ်တွေစားရင် ခင်ဗျား နေမကောင်းထပ်ဖြစ်မှာပေါ့”

ရိရှောင်းအပြောကြောင့် ချန်ယွီ သွားဖြဲကာ ပြုံးချင်ပေမယ့် မသင့်တော်တာကြောင့် ပြုံးရုံပြုံးရတယ်။

အဆိုးလေးဆိုပေမယ့် ရိရှောင်းက ချန်ယွီကိုတော့ စိတ်ပူတတ်သားပဲ။

“အဲဒါဆို ဘာစားမလဲ မင်းကအစပ်ပဲကြိုက်တာ အစပ်မပါရင် မစားတတ်ဘူးဆို”

“ဟုတ်တယ် အဲဒါအရင်ကလေ .. အခုက ကိုကိုချန်ယွီနဲ့အတူသွားစားမှာကို အစပ်စားလို့ ဖြစ်မလား၊ ခင်ဗျားကြိုက်တဲ့ဆိုင်သာရွေးတော့”

“ဒါပေမယ့် မင်းမကြိုက်ရင်ရော…”

“ခင်ဗျားအတွက်ဆို ကျွန်တော့်အကြိုက်ဆိုတာတွေကိုလဲ ပြောင်းလဲပစ်လို့ရပါတယ်…”

အဲဒီမှာပဲ လူပျိုကြီး heart ထိသွားတော့တာပါပဲ။

နဂိုကတည်းက ဒီက ကွေးနေပါပြီဆိုမှ .. သူက အဲဒီမှာ သက်တန့်ကြီးဖြစ်အောင် လုပ်နေတော့တာပဲ။

ကိုယ့်အဖြစ်ကိုယ်လဲ သဘောကျမိပါရဲ့။

အနှစ် ၃၀ ရှိပြီ .. အချစ်ဆိုတာ ဘယ်လိုမျိုးလေးလဲလို့ မသိနားမလည်ဖြစ်နေခဲ့မိတာ .. သိသွားတော့လဲ ကလေးဆိုးလေးတစ်ယောက်ကြောင့်တဲ့လေ။

ရိရှောင်းကိုသဘောကျမိနေတယ်ဆိုတဲ့ကိုယ့်စိတ်ကိုကိုယ်သိတော့ချန်ယွီကစိုးရိမ်စိတ်တွေလည်းတိုးလာတယ်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now