ODAF - Ep 29

2.9K 590 119
                                    

Our Dads are Fudanshi Ep 29

“သား ကုဝေ တော်ပြီလား အလုပ်သွားတော့မလား”

မနက်စားနေရာကနေ လက်စသတ်ကာ ပါးစပ်သုတ်နေတာမြင်တော့ ပါပါးကျိရန်က မေးလာသည်။

“ဟုတ်တယ် ပါး .. မနေ့ညက ထမင်းစားတာနည်းနည်းများသွားတော့ ရင်ပြည့်နေလို့”

“အလုပ်မှာရော အဆင်ပြေရဲ့သား .. ငါ့သားလဲ တနေ့တနေ့ ဆေးရုံသွားရတာနဲ့ ရှောင်းဝမ်လေးကို စာသင်နေရတာနဲ့ အိမ်မှာတောင် သိပ်မတွေ့ရဘူး”

“အလုပ်ကအဆင်ပြေပါတယ်၊ သားတာဝန်ကျတာက အရေးပေါ်ဌာနဆိုတော့ လူနာတွေကတော့ မပြတ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် case အစုံတွေ့ရတော့ ပညာလဲရတယ်၊ သင်ယူစရာတွေလဲများတယ်၊ ဆေးရုံအုပ်ကျိုးကလဲ အဆင်ပြေရဲ့လားလို့ မကြာခဏ ခေါ်တွေ့ပြီးမေးတာမို့ အဆင်ပြေပါတယ်ဗျ”

“ရှောင်းဝမ်လေးနဲ့ရော အဆင်ပြေရဲ့လား”

ပြုံးစိစိနဲ့ ပါပါးက မေးတာမို့ ကုဝေ အထာနပ်သွားတယ်။

မဟုတ်မှလွဲရော ရှောင်းဝမ်က သူ့ကိုကြိုက်နေတယ်ဆိုတာ တလောကလုံးကို လိုက်ပြောထားတာတော့မဟုတ်ပါဘူးနော်။

“ပြေပါတယ်ပါးရဲ့ သူက အခုတလော လိမ်လိမ်မာမာနဲ့ စာလိုက်လုပ်ပါတယ်”

“စာပဲလုပ်တာလား တခြားရော မလုပ်ဘူးလား”

“ဟာာာ ပါးကလဲ ဘာတွေမေးနေတာလဲ”

“အဟင်း ရှက်မနေပါနဲ့ ငါ့သားရာ တနေ့ကပဲ ကျန့်ကော ပြောပြလို့ ရှောင်းဝမ်က သားကို သဘောကျနေတယ်ဆိုတာ ပါးတို့သိပြီးပြီ .. သားဘက်ကရော ဘယ်လို သဘောထားလဲ”

“အာ သားက သူ့ကိုညီလေးလိုပဲ သဘောထားတာပါ”

“တကယ်ပဲ ညီလေးလိုပဲ သဘောထားတာလား နောက်ကျမှ ချစ်သူလို သဘောထားချင်ပါတယ်ဆိုမှ နောက်ကျသွားမယ်နော်”

ပါပါးကသာ ကုဝေကို အမေးအမြန်းထူနေပေမယ့် ဒယ်ဒီကတော့ ဘာမှမပြောဘဲ မနက်စာဆန်ပြုတ်ကိုသာ ငုံ့စားနေသည်။

ညီမလေးယုဝေကတော့ ပါပါးကဲ့သို့ ပြုံးစိစိနဲ့။

“ဟုတ်တယ်နော် ကိုကြီး .. နောက်ကျမှ အပေါက်ဝကနေ လှည့်မပြန်ရအောင် အခုကတည်းက ဆွဲစိလိုက်တော့”

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now