ODAF Ep 22

2.8K 568 88
                                    

Our Dads are Fudanshi Ep 22

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Our Dads are Fudanshi Ep 22

ထုရိုက်ပစ်ချင်စရာကောင်းလောက်အောင် တဆစ်ဆစ်ကိုက်နေသော ခေါင်းကြီးကြောင့် ရှောင်းဝမ် အိပ်နေရာမှ နိုးလာခဲ့သည်။

ပထမဆုံးသတိထားလိုက်မိတာ သူအိမ်မှာမဟုတ်ဘူးဆိုတာပဲ။

တစ်ဆက်တည်း မနေ့ညက အဖြစ်အပျက်တွေကို တစ်ခုချင်းပြန်စဉ်းစားကြည့်တော့ ချန်ရှင်းကစိတ်ညစ်လို့၊ ရှောင်းဝမ်က ပျော်လို့ဆိုပြီး အတူတူသောက်ကြတာမှတ်မိသည်။

အဲ နောက်တော့ ဆိုင်မှာ အကိုကုဝေနဲ့ ဆုံတာလဲ မှတ်မိသည်။

ပြီးတော့ သူဒီကိုဘယ်လိုရောက်လာတာလဲ ဆိုတာတော့ မမှတ်မိတော့။

ခေါင်းကိုက်လိုက်တာကွာဟု ခပ်တိုးတိုးညည်းညူးရင်း လက်တွေကို ဆန့်ထုတ်ဖို့ကြိုးစားတော့ မိမိလက်မောင်းကို တစ်ခုခုက ဖိနေသလို ခံစားရတာမို့ မျက်လုံးဖွင့်ကာကြည့်လိုက်တော့….။

မြတ်စွာဘုရား .. အကိုကုဝေက ဘယ်ကနေဘယ်လို သူ့လက်မောင်းပေါ်ရောက်နေရတာလဲ။

တစ်ဆက်တည်းအောက်ကိုငုံ့ကြည့်မိတော့ အကိုကုဝေကို ခွလျက်သားဖြစ်နေသည့် ကိုယ့်ခြေထောက်ကိုယ် ပြန်မြင်တာကြောင့် အလန့်တကြားဖယ်လိုက်ရသည်။

ငါနဲ့အကိုကုဝေ ဘာတွေဖြစ်ကုန်တာလဲဟ။ အကိုကုဝေမျက်နှာကို ကြည့်လိုက်မိစဉ် အရင်ဆုံးမြင်တာက လည်ပင်းက .. လည်ပင်းက နီညိုဖြစ်စပြုနေတဲ့ love bites ကြီး။

Oh god ~ အဲဒါ ရှောင်းဝမ်က အကိုကုဝေကို လုပ်ထားမိတာလား။

အိုမို ဂျင်းဂျာ … အန့်သွဲ့ .. အော်သွယ်ခဲရော် !!!!

ကုတင်ပေါ်မှာ ဖက်လျက်သားအနေအထားနဲ့ အကိုကုဝေရဲ့လည်ပင်းက အရာတွေရယ်၊ တွန့်ကြေနေတဲ့ မွေ့ယာရယ်၊ ဟ နေအုံး ရှောင်းဝမ်လက်ဖျံမှာလဲ ကိုက်ရာအထင်းသား။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now