ODAF - Ep 35

3.6K 582 214
                                    


Our Dads are Fudanshi ep 35

ကုဝေတစ်သက်နိုးထလာခဲ့တဲ့မနက်တွေထဲမှာ ဒီမနက်ခင်းက အဓိပ္ပါယ်အရှိဆုံးပဲ။

ကုဝေဘဝက အရင်လို FA မဟုတ်တော့ပြီ။

ကုဝေမှာ သိပ်ချစ်စရာကောင်းတဲ့ သူ့ကို ကိုကိုလို့ခေါ်တဲ့ ဝမ်လေးဆိုတဲ့ချစ်သူရှိသွားပါပြီကော။

ညတုန်းက အရမ်းချစ်တယ်ကိုကိုလို့ ဝမ်လေးက ပြောပြီး ဖုန်းချသွားတော့ ကုဝေမှာ ဖုန်းကို ပါးစပ်ထဲကောက်ထည့်လုမတတ် အပျော်လွန်ပြီး ကောက်နမ်းနေမိတာ ဘေးလူမြင်ရင် ကုဝေကို အတင်းဖမ်းပြီး အရူးထောင်ပို့လေမလားမပြောတတ်ပါ။

အရမ်းပျော်တယ်၊ အတော်လေးပျော်တယ်၊ ပျော်တယ်ဆိုတဲ့စကားလုံးထက် ပိုတဲ့စကားလုံးရှိရင် သုံးနှုန်းချင်မိလောက်အောင်ပျော်တယ်။

အချိန်တန် ချစ်တဲ့လူတွေ့လို့ရည်းစားထားတဲ့ကိစ္စက အရွယ်ရောက်တဲ့လူသားတိုင်းကြုံရမယ့်ကိစ္စတစ်ခုလိုပဲ မြင်ခဲ့မိတဲ့ ကုဝေက ရည်းစားထားရတာ အဲဒီလောက် စိတ်လှုပ်ရှားစရာကောင်းမယ်လို့မထင်ခဲ့မိဘူး။

လေလှိုင်းကြားက ခပ်တိုးတိုးကြားရတဲ့စကားသံလေးက ကုဝေကို အပျော်လုံးဆို့စေခဲ့တာ ဘယ်လိုမှငြင်းမရဘူး။

ချစ်တယ်၊ မြတ်နိုးတယ် အဲဒီ ပါးဖောင်းဖောင်း၊ နှာခေါင်းလုံးလုံးက ကောင်လေးက ကုဝေအတွက်တော့ အရာရာပဲ။

ဆေးရုံသွားပြီးအပြန် ချစ်သူလေးကို စာသွားသင်ပေးရမယ်ဆိုတဲ့အတွေးနဲ့ တက်ကြွစွာ အိပ်ရာထဲကအမြန်ထကာ ရေမိုးချိုးအဝတ်စားအလဲမိသည်။

မှန်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့လည်း ကုဝေလို့မမြင်ပဲ ဝမ်လေးရဲ့ချစ်သူလို့ပဲ မိမိကိုကိုယ်မြင်တော့သည်။

အရင်ရက်တွေက မျက်မှန်ကိုပြန်တပ်ဖြစ်နေပေမယ့် ဒီနေ့တော့ ဝမ်လေးနဲ့တွေ့ရမှာမို့ ဝမ်လေးစိတ်ကြိုက် မျက်ကပ်မှန်ကို ပြန်တပ်ရတော့မည်။

မျက်မှန်ကြီးနဲ့ဆို အနမ်းပေးရင် ကန့်လန့်ခံနေအုံးမယ်၊ မျက်မှန်မပါမှ ဂွတ်မှာ။

အရင်ကဆို မနက်အလုပ်သွားလို့ဝတ်သွားတဲ့အဝတ်အစားနဲ့ပဲ အပြန် ရှောင်းဝမ်ဆီ စာသွားသင်တာဖြစ်ပေမယ့် ဒီနေ့တော့ ချစ်သူလေးဆီသွားရင် အနံ့နံနေမှာစိုးလို့ အဝတ်အစားအသစ်တွေ အပိုထည့်လို့သွားဖြစ်သည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now