ODAF - Ep 28

2.9K 565 154
                                    

Our Dads are Fudanshi Ep 28

ခေါင်းငိုက်စိုက်နဲ့ မိမိရှေ့ကထွက်သွားတဲ့ ကုဝေနားမလည်တဲ့စကားတွေပြောပြီး မျက်နှာငယ်လေးနဲ့ထွက်သွားတဲ့ ရှောင်းဝမ်ကိုကြည့်ပြီး ကုဝေစိတ်ထဲမသက်မသာနဲ့ ခံစားရတယ်။

မချစ်နိုင်လို့ငြင်းလိုက်တယ်ဆိုပေမယ့်လဲ အဲဒီလိုမျက်နှာမျိုးလေးဖြစ်သွားတော့လဲ ကုဝေငြင်းလိုက်မိတာမှားများသွားပြီလားလို့ စိတ်မကောင်းဖြစ်မိသား။

ချစ်တယ်လို့ပြန်ပြောဖို့ကလဲ မလွယ်ဘူးလေ၊ ကုဝေလက်ခံထားတဲ့အချစ်ဆိုတာ ရင်ခုန်ခြင်းကစတယ်။

အခုက ကုဝေမှ ရှောင်းဝမ်ကို ရင်မခုန်ပဲ၊ ရှောင်းဝမ်ကိုဆို ဒီအတိုင်း ညီငယ်လေးတစ်ယောက်လိုပဲ သံယောဇဉ်ဖြစ်မိတာမို့ မဖြစ်နိုင်ပဲ သူဇာတ်လမ်းမစချင်ပါ။

သူတို့နှစ်ဦးရဲ့မိသားစုတွေက နှစ်အိမ့်တစ်အိမ်မိသားစုလို နေကြသူတေမို့ ပိုတောင်ဆိုးသေး။

ခဏတာအပျော်တွဲပြီး မင်းကိုမကြိုက်တော့လို့ဆိုပြီး ခေါက်ပစ်လိုက်လို့မဖြစ်တဲ့ ရေရှည်မြင်တွေ့နေရမယ့်သူတွေမို့ ကုဝေ တကယ်ချစ်မှသာ ချစ်တယ်လို့ပြောချင်သည်။

အဲဒါကြောင့် ရှောင်းဝမ် အားနာနာနဲ့ငြင်းလိုက်ရတာ၊ ရှောင်းဝမ်လဲ ငယ်တုန်းမို့ ခဏတာစိတ်ကစားတာဖြစ်ပြီး သူတကယ်ချစ်ရမယ့်သူတစ်ယောက် မြန်မြန်တွေ့သွားပါစေလို့သာဆုတောင်းပေးရလိုက်ရတယ်။

သက်ပြင်းချကာ ကော်ဖီဖိုးရှင်းကာ ဆိုင်ထဲကနေထွက်တော့ ကုဝေ စဉ်းစားလိုက်မိသေး၊ ကောင်စုတ်လေး ရည်းစားစကားပြောလို့ ငြင်းလိုက်တာနဲ့ပဲ ကော်ဖီဖိုးတောင် ရှင်းမသွားဘူးဟ။

Xxxxxxxxxxx

“သားရေ ကုဝေ ခဏလာပါအုံး”

အငယ်လေးယုဝေ စာမေးပွဲဖြေရမှာမို့ စာရှင်းပြနေစဉ် ဒယ်ဒီ့ခေါ်သံကြောင့် ကုဝေ ညီမလေးကိုထားကာ ဧည့်ခန်းဘက်ကို ထွက်ခဲ့လိုက်သည်။

“ဘာဖြစ်လို့လဲဒယ်ဒီ”

“မင်းညီလေး ရှောင်းဝမ်လေ”

ရှောင်းဝမ်ဆိုပါလား။

ဒီကောင်လေး ဘာများမွှေလိုက်သလဲ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now