ODAF - Ep 11

3.2K 533 75
                                    

Our Dads are Fudanshi Ep 11

(စခန်းမှူးချန်ယုရဲ့ နာမည်က တကယ်တမ်းအသံထွက်ရင် ချန်ယွီလို့ထွက်တယ်ဆိုလို့ အရှေ့မှာရေးထားတဲ့ ချန်ယုဆိုတာတွေကို ပြန်ပြင်နေပါတယ်။ ပြင်ဖို့ကျန်ခဲ့တာများရှိရင် နားလည်ပေးကြပါအုံးနော် ဖြည်းဖြည်းချင်း ပြန်ပြင်နေပါတယ်)

စခန်းကနေ ပုံမှန်ထက်နည်းနည်းစောပြန်လာခဲ့ပြီး အပြင်ထွက်ဖို့ပြင်ဆင်နေမိတယ်။

သိကြတယ်မဟုတ်လား။ ဒီနေ့သူငယ်ချင်း ချန်းရီရဲ့ wedding dinner ရှိတယ်လေ။

မသွားတော့ဘူးလို့ စဉ်းစားမိပေမယ့် ဆက်ဆက်လာခဲ့ပါလို့ ဟိုရှိရှောင်းဆိုတဲ့ကောင်လေးရဲ့အဖေက ခေါ်ထားတယ်မဟုတ်လား။

အဲဒါကြောင့် လူကြီးသူမကို အားနာတဲ့အနေနဲ့သွားမလားလို့ ချန်ယွီစဉ်းစားမိတာပါ။

သူ့သား ရိရှောင်းနဲ့တွေ့ချင်လို့တော့ လုံးဝမဟုတ်ဘူးနော်၊ အဲဒီအမွှေစိန်ငဆိုးလေးနဲ့ ချန်ယွီ တကယ်မတွေ့ချင်ပါဘူး။

သူငယ်ချင်းကိုအားနာလို့ရယ်၊ ကိုယ့်ကိုတကူးတကလာခဲ့ခိုင်းတဲ့လူကြီးကိုရယ် အားနာလို့ ချန်ယွီသွားမှာပါ။

သွားပြီဆိုမှတော့ ကြည့်ကောင်းအောင်တော့ပြင်ဆင်သွားသင့်တယ်ဆိုတော့ ဘီဒိုတစ်ခုလုံးကို ခပ်မြန်မြန်မွှေနှောက်ပြီး အကောင်းဆုံးဖြစ်မယ်ထင်တဲ့အဝတ်အစားကိုရှာရတယ်။

ကိုယ်က ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေသိပ်သွားလေ့မရှိသူမို့ ဝတ်စရာက သိပ်များများစားစားမရှိဘူး။

အဆင်ပြေမယ်ထင်တဲ့သားသားနားနား suit အစိမ်းရောင်ကိုကောက်ဝတ်ပြီး နက်ခ်တိုင်ချည်နေတဲ့အချိန်မှာပဲ ဟိုချာတိတ်ကို နက်ခ်တိုင်ချည်ပေးဖူးတာကို သတိရသွားမိပြန်သည်။

ပြီးတော့ ထိုချာတိတ်ရဲ့အသက်ရှူသံမြည်းမြည်းလေးရယ်၊ ရေမွှေးနံ့ခပ်သင်းသင်းလေးရယ်၊ ရဲရဲစိုနေတဲ့နှုတ်ခမ်းလေးရယ်။

ဟူး စိတ်ထိန်း ချန်ယွီ။ အသက်ကိုမှန်မှန်ရှူ၊ ဒါက တိုက်ဆိုင်မှုရှိလို့ သတိရသွားမိတာမျိုးပဲ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now