ODAF - Ep 30

3.1K 569 138
                                    

Our Dads are Fudanshi Ep 30

“ဝမ်ရိရှောင်း!!!!!”

“ဒယ်…ဒီ”

“ရိပေါ် ….ကော”

တစ်ယောက်နဲ့တစ်ယောက်တင်းတင်းကျပ်ကျပ်ဖက်လို့အနမ်းဖလှယ်နေတဲ့ရိရှောင်းနဲ့စခန်းမှူးချန်ယွီကို

ကြည့်ပြီးရိပေါ်ဘာစကားမှမပြောနိုင်အောင်ဆွံအနေမိတယ်။

ပြောတော့အဖြောင့်ကြီးတွေပါဆို အခုတော့ဘယ်လိုဖြစ်ကြတာတုန်း !

မြန်လိုက်တာမြန်လိုက်တာ ဒီလောက်ထိမြန်မယ်လို့တောင်မထင်ထားဘူး။

ဟိုစခန်းမှူးဆိုတဲ့လူကလည်းပြောတုန်းကတော့တစ်သက်လုံးမိန်းမမယူဘဲဘုန်းကြီးဝတ်တော့မယ့်ပုံစံမျိုးနဲ့ .. အခု ကျတော့ ကိုယ့်အိမ်ရှေ့တောင်မရှောင် ကိုယ့်သားကိုကိုအတင်းး ဟင်းး ငါမပြောလိုက်ချင်ဘူးနော်။

"ဝမ်ရိရှောင်း မင်းကပြောတော့အဖြောင့်ပါဆို"

"ဟုတ် ဟုတ် တယ်ဒယ်ဒီရဲ့ကျနော်ကအဖြောင့် ဖြောင့်ဖြောင့်ကြီး မောင့်ဆီသွားတာ"

"ဘာ!!!!"

အတုမြင်အတတ်သင်ဆိုတာ ဒါမျိုးပေါ့။

ကိုယ်တွေကရွယ်တူတန်းတူမို့မောင်ခေါ်တာ၊ ဒင်းလေးက သူ့ကိုမွေးရင်သူ့အဖေအရွယ်လောက်ကို မောင်တဲ့လား။

"ရိပေါ် ကောရယ် ကလေးကိုမပြောပါနဲ့ ကျွန်တော့် ကြောင့်ဖြစ်တာပါ"

"မင်းလည်းအတူတူဘဲ ဟိုတလောကပြောတော့အိမ်ထောင်ပြုဖို့မစဉ်းစားပါဘူး ဘာဘာညာညာဆို ကြံမဲ့ကြံတော့ငါ့သားကိုမှတဲ့လား"

"ကျွန်တော်ကရိပေါ်ကောရဲ့သားကို အတည်ကြံတာပါဗျာ ကျွန်တော်တစ်ခါမှ မချစ်ဖူးပါဘူးအဲ့ဒါကြောင့် ကျွန်တော်တို့ကိုသဘောတူပေးပါနော်"

ချန်ယွီ့စကားကြောင့်ရိပေါ်စိတ်ထဲမှာသဘောကျသွားပေမဲ့မျက်နှာကတော့နည်းနည်းတည်ထားတုန်းဘဲ။

ဇွတ်အတင်းသဘောတူပါတယ် ဆိုရင်ကိုယ့်သားကိုတန်ဖိုးမထားဘဲနေမယ်လေ။

ဒီလိုမျိုးတော့ရိပေါ်အဖြစ်မခံနိုင်ပါဘူး။

ကိုယ့်သားကနုနုထွတ်ထွတ်လေး၊ ဘယ်လိုပဲ ရှောင်းကျန့်က “ချန်ရှောင်း” ကို ship နေပါစေ၊ ကိုယ်ကတော့ ကိုယ်မွေးထားတဲ့သားလေးမို့ နည်းနည်းလေးတော့ နှမြောတာပေါ့။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now