ODAF - Ep 9

3.3K 562 78
                                    

Our Dads are Fudanshi Ep 9

“မောင်”

“ဟင် ကျန့်ကျန့် ပြောလေ”

သတို့သားနှစ်ယောက်နဲ့ အရံနှစ်ယောက် စင်ပေါ်မှာဓာတ်ပုံရိုက်နေတာကိုအဆင်ပြေမပြေကြည့်နေတာမို့ ဘေးက ရှောင်းကျန့်ကိုလှည့်မကြည့်ပဲ ထူးလိုက်သည်။

ဒီပွဲက ကိုယ်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်နဲ့ ဒီဇိုင်နာလောကက နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ရဲ့ မင်္ဂလာပွဲမို့ နည်းနည်းလေးမှ စိတ်ကသိကအောက်မဖြစ်စေလိုတာကြောင့် ရိပေါ် မျက်ခြေမပြတ်လိုက်ကြည့်နေမိခြင်းဖြစ်သည်။

fashion designer ဆိုတဲ့လုပ်ငန်းက ကိုယ်တွေနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းလို့ပြောလို့ရသည်။

wedding planning နဲ့ event planning ပိုင်းအပြင် wedding dress တွေငှားပြီး ဓာတ်ပုံပါ တစ်ခါတည်း ရိုက်လို့ရသည့် wedding one stop servie လုပ်ငန်းပိုင်းကို အစပျိုးနေချိန်မို့ designer တစ်ယောက်နဲ့ ရင်းနှီးထားတာက ကိုယ့်အတွက် အကျိုးမယုတ်နိုင်။

အဲဒါကြောင့် နာမည်ကောင်းရအောင် အသေးစိတ်က အစလိုက်ဂရုစိုက်နေရတာဖြစ်သည်။

ဒါတောင်မှ ကိုယ်တွေရဲ့မိတ်ဆွေ ချန်းရီရဲ့သူငယ်ချင်း သတို့သားအရံလုပ်မယ့်သူက ရုတ်တရက် accident အသေးလေးဖြစ်ပြီး မလာနိုင်တော့တာမို့ ခေါင်းပူသွာသေး။

အရေးရယ်အကြောင်းရယ်ဆို ရှောင်းဝမ်လေးက ဆက်သွယ်လို့မရ၊ ရိရှောင်းရောက်လာလို့ အတော်ဖြစ်သွားတာ။

မဟုတ်ရင်တော့ အတော်လေးခေါင်းခြောက်ရနိုင်ဖွယ်ရှိသည်။

“မောင်လို့ ငါခေါ်နေတယ်လေ”

“ပြောလေ ကျန့်ကျန့်ရဲ့ .. မောင်က ဓာတ်ပုံရိုက်တာအဆင်ပြေလား ကြည့်နေတာ အဆင်ပြေရင် ဒီဓာတ်ပုံသမားကို မောင်တို့ studio မှာလာလုပ်ဖို့ကမ်းလှမ်းမလားလို့လေ”

“အဲဒါအသာထားပါ .. အခု ငါပြောမှာ အရင်နားထောင်”

“အင်း ပြော”

စိတ်ကျေနပ်အောင် ရှောင်းကျန့်ဘက်လှည့်ပြီး ပြုံးရသည်။ အသက် ၄၀ ကျော်သွားပေမယ့် ရှောင်းကျန့်က ကလေးဆန်နေတုန်း။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now