Part 4

522 68 2
                                    

Zawgyi:

       >>>>>> 2019 September <<<<<<

    လေးလံသော ခြေလှမ်းများဖြင့် ကျွန်းသားလှေကားကြီးပေါ်မှ ခပ်ဖြေးဖြေးဆင်းလာခဲ့သည်။ ခြောက်ကပ်နေသော အာခေါင်ကြောင့် ရေခဲသေတ္တာဆီ အရင်သွားပြီး ရေဘူးတစ်ဘူးအား ယူ၍ ဖွင့်သောက်လိုက်သည်။

"လင်းဖေ.... အောင်မိုးဖုန်းဆက်ထားတယ်။ နင့်ဖုန်းကို ဆက်လို့မရလို့တဲ့"

"အင်း...။ ငါပြန်ခေါ်လိုက်မယ်"

      အမဖြစ်သူ ဒေါ်အေးမြတ်အား တစ်ချက်ပင် မကြည့်ပဲ ရေဘူးကိုရေခဲသေတ္တာထဲ ပြန်ထည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဒေါ်အေးမြတ် အား မရှိသည့်လူတစ်ယောက်လိုပင် ဖြတ်ကျော်သွားသည်။

"ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့မရဘူးလားဟာ နင်မမေ့နိုင်သေးဘူးလား...."

      ကျောခိုင်းသွားသော မောင်ဖြစ်သူ၏ ကျောပြင်အား နာကျင်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ အသံသည် အနည်းငယ် တုန်ယင်နေပြီး ကြေကွဲစူးနစ်သံဖြစ်သည်။ အောင်မိုးဖုန်းဆက်သည်ဆိုကတည်းက ထိုကိစ္စမှန်း သူ မမေးပဲ သိနေသည်လေ။

       ဒေါ်အေးမြတ်စကားကြောင့် ကျောခိုင်းထားရာမှ ချက်ချင်းလှည့်လာပြီး အမဖြစ်သူအား စူးစူးဝါးဝါး စိုက်ကြည့်ရင်း......

"ကျုပ်က ခံရသူဗျ။ အခုလည်းမမေ့နိုင်သေးဘူး။ နောက်လည်း မေ့မှာမဟုတ်ဘူး။ ဘယ်တော့မှလည်း မမေ့ဘူး.....။
နင့်အတွက်ကတော့ လွယ်လွယ်မေ့ပစ်လို့ရတဲ့ ပြီးစလွယ်ကိစ္စပေါ့...."

     ဦးလင်းဖေ၏ အသံသည် ဒေါသံပါသည်။ အဆောက်ဦးတစ်ခုလုံး ဟိန်းထွက်သွားသည်။ သူ့မျက်ဝန်းတွေ တွင်လည်း မျက်ရည်စတို့ တွဲခိုနေသည်။ အံကိုကြိတ်၍ ရင်အတွင်းမှ နာကျင်မှုကို တင်းခံနေပါသော်လည်း သူရဲ့နာကျင်မှုများအား အတိုင်းသားမြင်နေရသည်။

     ဒေါ်အေးမြတ် ထိုကိစ္စနှင့်ပတ်သတ်ပြီး ပြောလိုက်လျှင် သူမ၏ မောင်သည် ဒေါသစိတ်မထိန်းနိုင်သည့် သားရဲတစ်ကောင်လိုမျိုး ဖြစ်သွားတတ်သည်ကို သူမ သိသည်။ သို့သော်လည်း သူမ ဘာမှမပြောပဲ လက်ပိုက်ကြည့်မနေနိုင်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now