Part 13

337 49 2
                                    

Zawgyi:

-        >>>>> 1997 March <<<<<

       ပိုးကောင်ငယ်တို့၏ တဝှီဝှီ မြည်သံများကလွှဲ၍ တခြားအသံများ မကြားရတော့ချေ။ အတူတူသောက်ကြတဲ့သူများ ကွပ်ပျစ်အနှံ့မှာ ဖြစ်သလို မှောက်နေကြသောကြောင့်လည်းဖြစ်မည်။ ညနက်နေ၍လည်း ဖြစ်မည်။

  နေရာအနှံ့ဟာလည်း မှောင်လို့မည်းနေသည်။ မီးအိမ်ငယ်လေးနားမှာ အိပ်မောကျ နေသော ကောင်လေးတစ်ယောက် အနားကလွှဲ၍ပေါ့...။

     အပူပင်းတဲ့ သူ့မျက်နှာလေးကို ငေးကြည့်မိတော့ ခုနက ဝန်တိုခြင်းတွေက အလိုလို ကင်းရတယ်။

     မင်းကလေ ငာ့အတွက်တော့ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တစ်ခုလိုပဲ။ ဇာတ်ဝင်ခန်း တစ်ခန်းတိုင်း တစ်ခန်းတိုင်းကို မြတ်နိုးမိရသောပေါ့။

    မင်းသာ ခွင့်ပြုရင် ဒီရုပ်ရှင်ထဲမှာ မင်းနဲ့အတူတူ ပါဝင်ချင်ပါတယ်။ ဇာတ်သိမ်းရောက်တဲ့ထိပေါ့။

    ကိုလင်းဖေက အိပ်ပျော်နေသော မိုးသားလွင်ကို တစိမ့်စိမ့်ကြည့်ရင်း အနားသို့ တိုးသွားလိုက်သည်။ မီးအိမ်ကအလင်းရောင်ကြောင့် ကိုလင်းဖေ၏ အရိပ်က မိုးသားလွင်ပေါ် လွှမ်းခြုံနေပြီ။

"အဲ့ဒီ မိန်းကလေးကလေ ဆရာလေးအတွက် သိပ်အရေးပါတာပဲလားဟင်။ အဟင်း....။ ကျုပ် ဆရာလေးရောက်လာပြီးမှ တအားထူးဆန်းနေတယ်သိလား။ ကျုပ်လေ ဆရာလေးအပေါ် မရိုးသားဘူးထင်တယ်"

   ကိုလင်းဖေက ပြောနေရင်းမှ တခဏရပ်၍ လေပူတို့ မှုတ်ထုတ်ပြီးမှ ဆက်ဆိုလိုက်သည်။

"ကျုပ် အရမ်း မွှန်းကြပ်နေတယ်ဗျာ။ ကျုပ် အဲ့လိုတွေ မရိုးသားတာ ဆရာလေး သိသွားရင် ကျုပ်ကို မုန်းသွားမလားဟင်။
ဟူး..... လူတစ်ယောက်ကို ချစ်ရတာလဲ မလွယ်ပါလားနော်။ ကျုပ်အလှည့်ကျမှ ခဲယှဉ်းလိုက်တာ။ ချစ်နေရတာတောင် မဝံ့ရဲဘူး။ ဝန်ခံဖို့ဆိုတာ ဟိုး.... အဝေးကြီးမှာဗျ"

     ကိုယ်ကသာ ပူလောင်နေတာ သူကတော့ အေစချမ်းလိုက်တာဗျာ.....။

     ထန်းရည်ရဲ့ အမူးဓာတ်ကြောင့်လား သူ့ရဲ့ဖြူဖွေးနေသည့် ပါးပြင်လေးတွေက နီရဲနေသည်။ ပါးရဲရဲလေးတို့အား ငေးကြည့်နေရင်းမှ သူ့စိတ်တွေ မထိန်းချုပ်နိုင်တော့။ အသိစိတ်တို့ တခဏ လစ်လပ်သွားချိန်မှာ ထို ပါးပြင်နုနုလေးအား သူ့နှုတ်ခမ်းသားနှင့် ထိကပ်ပြီးနှင့်နေပြီဖြစ်သည်။ နူးညံ့လွန်းသော အထိတွေ့က ရင်ထဲမှာ သိမ့်ကနဲ။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now